ဆီးရီးယားဆိုင်ရာ အမေရိကန်သံအမတ်ကို ပြန်ခေါ်

  • 24 အောက်တိုဘာ 2011
ဓာတ်ပုံ မူပိုင် AFP
Image caption သူ့ကို ဆီးရီးယားဆိုင်ရာ အမေရိကန် သံအမတ်အဖြစ် ဒီနှစ်ဇန္နဝါရီလကမှ ခန့်အပ်ခဲ့

ဆီးရီးယားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ရဲ့ လုံခြုံရေးအတွက် စိုးရိမ်ရ တာကြောင့် အမေရိကန် ပြည်ထောင်စုဟာ သံအမတ် ဖြစ်သူ ရောဘတ် ဖို့ဒ်ကို ဆီးရီးယား နိုင်ငံကနေ ပြန်ခေါ်လိုက်ပါ တယ်။

မစ္စတာဖို့ဒ်ဟာ ဆန္ဒပြမှုတွေဖြစ်အောင် အားပေးနေတယ်လို့ ဆီးရီးယားအစိုးရက ယူဆထားပြီး သူ့ကို ဆန့်ကျင်ရေးအတွက် အစိုးရက လှုံ့ဆော်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာနက ပြောပါတယ်။

မစ္စတာဖို့ဒ်ဟာ ပြီးခဲ့တဲ့လက သမ္မတအာဆတ် ပြုတ်ကျရေး တောင်းဆိုနေကြတဲ့ ဆန္ဒပြသူတွေ ဆီကို သွားရောက်စဉ် အစိုးရ ထောက်ခံသူတွေက သူ့ကို ခရမ်းချဉ်သီးတွေ ကြက်ဥတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။

မစ္စတာဖို့ဒ်ကို ဆီးရီးယားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် အနေနဲ့ ဒီနှစ် ဇန္နဝါရီလကမှ ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။