တူနီးရှား ရွေးကောက်ပွဲ လွတ်လပ်ပြီးမျှတ တယ်လို့ သုံးသပ်

  • 25 အောက်တိုဘာ 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption Ennahda ပါတီ ခေါင်းဆောင်

တူနီးရှားနိုင်ငံက ပထမဆုံး ဒီမိုကရေစီ ရွေးကောက်ပွဲမှာ အလယ်အလတ် ကျတဲ့ အစ္စလာမ် ဝါဒ လမ်းစဉ်လိုက်တဲ့ Ennahda ပါတီက အနိုင်ရသွားပြီး ပါတီစုံ ဒီမိုကရေစီကို အတူတကွ ထူထောင်ဖို့ ကတိကဝပ် ပြုခဲ့ပါတယ်။

ကနဦး ရလဒ်တွေ အရ အန်နာ့ဒါက မဲအများဆုံး အနိုင်ရခဲ့ပြီး ဖွဲ့စည်းပုံ အသစ် ရေးဆွဲမှာ ဖြစ်သလို ယာယီ သမ္မတကိုလည်း တင်မြှောက်မှာ ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီ ကနဦး ရလဒ်တွေအရ မဲ အပြတ်အသတ် အနိုင်ရပေမယ့် သတ်မှတ်ထားတဲ့ အမတ်နေရာ အများစုကိုတော့ ရနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

သူ့ရဲ့ အဓိက ပြိုင်ဖက် ဖြစ်တဲ့ အလယ် လက်ကျာယိမ်း ဝါဒီ ပီဒီပီ ပါတီကတော့ ရှုံးနိမ့်ကြောင်း ဝန်ခံခဲ့ပါတယ်။

တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ တူနီးရှား ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရား မျှတမှု ရှိတယ်လို့ နိုင်ငံတကာက လာရောက် လေ့လာသူတွေက ချီးကျူးခဲ့ကြပါတယ်။