ဆော်ဒီ သံအမတ်ကို လုပ်ကြံသူ အပြစ်မရှိကြောင်း လျှောက်ထား

  • 25 အောက်တိုဘာ 2011
Image caption အပြစ်မရှိဘူးလို့ Mansoor Arbabsiar လျှောက်ထား

New York မြို့မှာ အမေရိကန် ပြည်ထောင်စု ဆိုင်ရာ ဆော်ဒီ သံအမတ်ကို လုပ်ကြံ သတ်ဖြတ်ဖို့ ကြံစည်ခဲ့သူ Mansoor Arbabsiar က သူ့မှာ အပြစ်မရှိဘူးလို့ တရားရုံးမှာ လျှောက်လဲခဲ့ ပါတယ်။

အသက် ၅၆နှစ်ရှိပြီ ဖြစ်တဲ့ အမေရိကန် နိုင်ငံသား ခံယူထားပြီး အီရန် ပတ်စပို့ ကိုင်ဆောင် ထားသူ မစ္စတာ အာဘတ်ဘ်ဆီးရားဟာ ဝါရှင်တန်မြို့က စားသောက်ဆိုင် တခုမှာ ဆော်ဒီ သံအမတ်ကို သတ်ဖြတ်ဖို့ ကြိုးစားမှုနဲ့ တရားစီရင် ခံနေရတာ ဖြစ်ပါတယ်။

ဒီကြံစည်မှုမှာ အီရန် အစိုးရ ထိပ်တန်း အရာရှိတွေ ပါဝင်ခဲ့တယ်လို့ အမေရိကန် အစိုးရက ပြောပြီး ဒီစွပ်စွဲချက်ကို အီရန်ဖက်က အပြင်းအထန် ငြင်းဆိုထားပါတယ်။