ဆီးရီးယား လုံခြုံရေးတပ်တွေ ဆေးရုံမှာ စောင့်ဖမ်း

  • 25 အောက်တိုဘာ 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption Amnesty International တံဆိပ် အမှတ်အသား

ဆီးရီးယား နိုင်ငံမှာ အစိုးရက သူတို့ကို ဆန့်ကျင်ရေး ဆန္ဒပြမှုတွေက ဆက်လက် ချေမှုန်းဖို့ ကြိုးစားနေရာမှာ ဆေးရုံတွေကို နှိမ်နင်းမှု ယန္တရား သဖွယ် အသုံးချနေတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး Amnesty International အဖွဲ့ကြီး က ပြောပါတယ်။

လုံခြုံရေး တပ်ဖွဲ့တွေက ဆေးရုံမှာ စောင့်ပြီး ဖမ်းနေတယ် ဆိုတဲ့ သတင်းတွေ ထွက်နေတာ ကြောင့် ဆန္ဒပြပွဲတွေမှာ ဒဏ်ရာ ရသွားသူ အများအပြားဟာ ဆေးရုံကို သွားရောက် ဆေးကု ရမှာကို ကြောက်ရွံ့နေကြတယ်လို့ ဆိုပါတယ်။

မျက်မြင် သက်သေတွေရဲ့ ပြောပြချက်အရ ဆန္ဒပြပွဲက ဒဏ်ရာရသူတွေကို အစိုးရ ဆေးရုံ တွေကနေ ခေါ်ဆောင်သွားတာ ခံခဲ့ရသလို သူတို့ကို ဆေးကုပေးတဲ့ ဆရာဝန် ၊ သူနာပြု တွေကိုလည်း ဖမ်းဆီး နှိပ်စက်ခဲ့တယ်လို့ သိရကြောင်း Amnesty က ပြောပါတယ်။

ဆန္ဒပြပွဲက ဒဏ်ရာရသူတွေဟာ ယာယီ ရွက်ဖျင်တဲက အဖြစ်လုပ်ထားတဲ့ ဆေးခန်းမှာ ကုသမှု ခံယူနေရပြီး အဲဒီမှာ အသည်းအသန် ဒဏ်ရာရသူတွေ အတွက် သွေးနဲ့ ဆေးပစ္စည်းတွေ အလုံအလောက် မရှိဘူးလို့ ဆရာဝန်တွေက Amnesty အဖွဲ့ကို ပြန်ပြောပြခဲ့ ပါတယ်။