အဂတိ လိုက်စားမှုနဲ့ ဘရားဇီး အားကာဝန်ကြီး နှုတ်ထွက်

  • 27 အောက်တိုဘာ 2011
Image caption အားကစား ဝန်ကြီး Orlando Silva

ဘရာဇီးမှာ အားကစားဝန်ကြီး Orlando Silva ဟာ အဂတိ လိုက်စားမှုနဲ့ တရားစွဲ ခံရပြီးတဲ့နောက် အခုတော့ ရာထူးက နှုတ်ထွက်သွားပါပြီ။

သူဟာ ၂ဝ၁၄ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပွဲ ကျင်းပရေး အတွက် တာဝန်ယူ ရသူဖြစ်ပြီး ဇန္နဝါရီ လကတည်းက သမ္မတ ဖြစ်လာတဲ့ ဒဲလ်မာ ရူဆက်ဖ် လက်ထက်မှာ လာဘ်စားမှုနဲ့ ပဉ္စမမြောက် ရာထူးက နှုတ်ထွက်ရသူ ဖြစ်ပါတယ်။

နွမ်းပါး ချို့တဲ့တဲ့ ကလေးတွေကို အားကစားမှာ မြှင့်တင်ပေးဖို့ လုပ်နေတဲ့ စီမံကိန်း ရံပုံငွေ ထဲက ဒေါ်လာသန်းနဲ့ချီပြီး အလွဲသုံးစား လုပ်ခဲ့တယ် ဆိုတဲ့ သူ့အပေါ် စွပ်စွဲချက်ကို ငြင်းဆို ထားပါတယ်။

အဲဒီ အလွဲသုံးစား ငွေတချို့ဟာ ဘရာဇီး ကွန်မြူနစ် ပါတီ ရံပုံငွေထဲ ရောက်သွားတာ ဖြစ်တယ် ဆိုတဲ့ စွပ်စွဲ ပြောဆိုမှုတွေလည်း ရှိခဲ့ပြီး အဲဒီ ကွန်မြူနစ်ပါတီက လက်ရှိ အစိုးရနဲ့ ညွှန့်ပေါင်း အုပ်ချုပ်နေတာ ဖြစ်ပါတယ်။