ယူရိုဇုန် အစည်းအဝေး သဘောတူညီချက် မထွက်သေး

  • 27 အောက်တိုဘာ 2011
ဓာတ်ပုံ မူပိုင် AP
Image caption ဗြိတိန် ဝန်ကြီးချုပ်နဲ့ ပြင်သစ် သမ္မတတို့ ပြုံးပြုံးရွှင်ရွှင်

ယူရိုငွေကြေးသုံး နိုင်ငံတွေရဲ့ ကြွေးမြီ ပြဿနာကို ဖြေရှင်းဖို့ သဘောတူညီချက် ရနိုင်ပါ့မလား ဆိုတဲ့ သံသယတွေ ကြီးထွားလာချိန်မှာ ဘရပ်စ်ဆဲလ်မြို့မှာ ခေါင်းဆောင်တွေ ဆက်လက် ဆွေးနွေးနေကြပါတယ်။

ဥရောပ ဘဏ်တွေက အရန်ငွေတွေ ပိုမို အတင်း ထည့်ဝင်ခိုင်းမယ့် သဘောတူညီမှု ရပြီလို့ ပထမ အဆင့် ဆွေးနွေးမှု အပြီးမှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပြီး ဒါဟာ အစိုးရတွေ ပြဿနာ တက်လာလို့ ငွေကြေးဆုံးရှုံးတဲ့ အခါ ကာကွယ် နိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

တခြား အချက်အလက် တွေကိုတော့ ဆက်လက် ဆွေးနွေးစဲ ဖြစ်တယ်လို့ သိရပြီး ဂရိ ရဲ့ မြှီရှင်တွေကို အကြွေးတချို့ကို အဆုံးခံပေးဖို့ ပြောမယ့် ကိစ္စနဲ့ ယူရိုဇုန်ရဲ့ ဘဏ္ဍာရေး ပြန်နလံထူဖို့ ငွေကြေး ထောက်ပံ့မှု အစီအစဉ်ကို ချဲ့ထွင်သွားဖို့ အချက်တွေလည်း ပါဝင်ပါတယ်။

ယူရိုငွေကြေးသုံး နိုင်ငံခေါင်းဆောင်တွေ ကတိပေးထားသလို သဘောတူညီမှု တခု ဒီညထွက်လာမယ့် အရိပ်အယောင် မရှိသေးဘူးလို့ ဘရပ်စ်ဆဲလ်မြို့က ဘီဘီစီ သတင်းထောက် က ပြောပါတယ်။