ဂရိကို ယူရိုဇုန် ဝင်ခွင့်ပေးမိတာ အမှားလို့ ဆာကိုဇီပြော

  • 27 အောက်တိုဘာ 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption ပြင်သစ် သမ္မတ Nicolas Sarkozy

၂ဝဝ၁ ခုနှစ်တုန်းက ဂရိစ် ကို ယူရိုဇုန်ထဲ ဝင်ခွင့်ပေးလိုက်တာ အမှားတခုဘဲလို့ ပြင်သစ် သမ္မတ Nicolas Sarkozy က ပြောပါတယ်။

ပြင်သစ် ရုပ်မြင်သံကြားမှာ ပြောကြားခဲ့ရာမှာ မစ္စတာ ဆာကိုဇီက ဂရိစ်ကို ယူရိုဇုံထဲ ဝင်ခွင့် မပေးခဲ့သင့်ဘူး ဘာလို့လဲ ဆိုတဲ့ ဂရိစ်ဟာ စီးပွားရေးပိုင်းမှာ အမှားအယွင်းတွေ ရှိတယ်လို့ မစ္စတာ ဆာကိုဇီက ဆိုပါတယ်။

ဒါပေမယ့် လက်ရှိ ဂရိခေါင်းဆောင်တွေက သူတို့နိုင်ငံရဲ့ ကြွေးမြီ ပြဿနာကို ဖြေရှင်းဖို့ ကူညီ ကြိုးစားကြလိမ့်မယ်လို့ သူယုံကြည်ကြောင်းနဲ့ ဗုဒ္ဓဟူးနေ့ ညတုန်းက ဘရပ်စ်ဆဲလ်စ် မြို့မှာ သဘောတူညီချက် ရအောင် ဆွေးနွေးနိုင်ခဲ့တာဟာ သမိုင်းမှတ်တိုင် တခုဘဲ အဲဒီအတွက် အားလုံးကို ကျေးဇူးတင်တယ်လို့ သူက ထပ်လောင်း ပြောကြား သွားခဲ့ပါတယ်။

ဂရိခ် နိုင်ငံခြားရေး ဝန်ကြီး Stavros Lambrinidis ကတော့ လက်ရှိ ယူရိုဇုန် ပြဿနာရဲ့ အရင်းခံက ဂရိစ် မဟုတ်ဘူး ၊ သူတို့နိုင်ငံ တခုတည်းကို ပြစ်တင် ပြောဆိုတာ မှားတယ်လို့ ဘီဘီစီကို ပြောပါတယ်။