ကဒါဖီရဲ့သား နိုင်ငံတကာ ခုံရုံးမှာ အဖမ်းခံမဲ့ သတင်းတွေထွက်နေ

  • 28 အောက်တိုဘာ 2011
နီဂျဲနယ်စပ်မှာ ရောက်နေတယ်ဆိုတဲ့ ကဒါဖီရဲ့သား Saif
Image caption နီဂျဲနယ်စပ်မှာ ရောက်နေတယ်ဆိုတဲ့ ကဒါဖီရဲ့သား Saif

ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးက လစ်ဗျားခေါင်း ဆောင်ဟောင်း ကဒါဖီရဲ့သား Saif al-Islam Gaddafi နဲ့ကြားခံကတဆင့်အဆက်အသွယ်ရတယ်လို့ ICC ကပြောပါတယ်။သူဟာ ICC မှာအဖမ်းခံချင်တဲ့ ဆန္ဒရှိပုံရပါတယ်။ အမှုလိုက် အရာရှိချုပ်Ocampo က Saif အနေနဲ့ အဖမ်းခံခဲ့ရင် တရားရုံးတော်မှာ ကိုယ်တိုင် ခုခံကာကွယ်ခွင့် ရမယ်လို့ ထုတ်ပြန် ကြေညာသွားပါတယ်။

Saif ကိုICC အဖွဲ့ဝင်မဟုတ်တဲ့ တတိယ အာဖရိကနိုင်ငံတနိုင်ငံကို ခေါ်ထုတ်သွားဖို့ ကမ်းလှမ်းတဲ့သတင်းတွေလည်း ရရှိကြောင်း Ocampo ကပြောပါတယ်။

သူ့ကို လူသားတွေအပေါ် ရက်ရက်စက်စက် ကျူးလွန်တဲ့ ပစ်မှုတွေနဲ့ ရုံးတော်ကအလိုရှိနေပါတယ်။ ကြာသပတေးနေ့က Saif ကို နီဂျဲနဲ့ လစ်ဗျားနယ်စပ်နားမှာ တွေတယ်လို့ နီဂျဲ ဒေသ အာဏာပိုင်တွေက ပြောသွားပါတယ်။