အာဖဂန် မှာ နေတိုးတပ် အတိုက်ခံရ

  • 30 အောက်တိုဘာ 2011
injured_soldier ဓာတ်ပုံ မူပိုင် Reuters
Image caption တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ တဦး

အာဖဂန် နစ္စတန် နိုင်ငံက ကာဘူး မြို့တော် မှာ တော့ အသေခံ ကားဗုံးခွဲ တိုက်ခိုက်မှု တခု ကြောင့် နေတိုး ဦးဆောင် တဲ့ နိုင်ငံ တကာ တပ်ဖွဲ့ အိုင်ဆက်ဖ် ရဲ့ တပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံး သွား ခဲ့ရ ပါတယ်။

အိုင်ဆက်ဖ် က ဒီ သေဆုံး ခဲ့ရသူ တွေထဲမှာ အရပ်သား ၈ ဦးနဲ့ စစ်သည် ၅ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။ အဲဒီ သေဆုံး ခဲ့ရသူ တွေထဲက အများစု ဟာ အမေရိကန် တွေ ဖြစ်တယ်လို့ လဲ သိရပါတယ်။

ကာဘူး မြို့တော်ရဲ့ မြို့စွန်မှာ အခုလို နေတိုးရဲ့ ဘတ်စ် ကားကို အသေခံ တိုက်ခိုက် ခဲ့ရာမှာ အာဖဂန် ရဲတပ်ဖွဲ့ ဝင် တဦးနဲ့ အရပ်သား ၃ ဦးလဲ အသက် ဆုံးရှုံး ခဲ့ရ ပါတယ်။

တာလီဘန် တွေက ဒီတိုက်ခိုက် မှုကို သူတို့ လုပ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ အမေရိကန် တာဝန်ရှိသူတွေ ကတော့ ဒီကိစ္စ အတွက် တာဝန် ရှိသူတွေကို လိုက်လံ ခြေမှုန်း သွားမယ်လို့ ဆိုပါတယ်။