ကဒါဖီသားကို အိုင်စီစီ လာဖို့ ညှိနှိုင်း

  • 29 အောက်တိုဘာ 2011
Saif Islam ဓာတ်ပုံ မူပိုင် AFP
Image caption ကဒါဖီသား ဆေ့ဖ အစ္စလာမ်

ကဒါဖီသား ဆေ့ဖ အစ္စလာမ်ကို အိုင်စီစီ ရှိရာ သည်ဟေ့ဂ်မှာ လာအဖမ်း ခံဖို့ စေ့စပ် ညှိနှိုင်းမှုတွေ လုပ်နေတယ်လို့ သတင်းရရှိ ပါတယ်။

ဆေ့ဖ အစ္စလာမ်ဟာ လောလောဆယ် လစ်ဗျား နိုင်ငံထဲမှာ ဝရမ်းပြေး အဖြစ်နဲ့ တိမ်းရှောင် နေတယ်လို့ ယုံကြည်ရပြီး သူနဲ့ အိုင်စီစိတို့ ကြားလူက တဆင့် အဆက် အသွယ် ရှိတယ်လို့ အိုင်စီစီက အတည်ပြု ပြောကြား ခဲ့ပါတယ်။

ဆေ့ဖ အစ္စလာမ်ကို လူမဆန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်မှုနဲ့ အိုင်စီစီက အလို ရှိနေပါတယ်။

သူ့ကို အိုင်စီစီက တရားစွဲမယ် ဆိုရင် လစ်ဗျား အသွင် ကူးပြောင်းရေး ကောင်စီက အပြည့် အဝ ပူးပေါင်း ဆောင်ရွက်ဖို့ ပြင်ထားတယ်လို့ အသွင် ကူးပြောင်းရေး ကောင်စီ ပြောခွင့်ရ တာဝန်ခံက ပြောပါတယ်။

သူ့အနေနဲ့ အိုင်စီစီမှာ လာအဖမ်းခံမယ် ဆိုရင် ဥပဒေ ဘောင်ထဲကနေ ခုခံ လျှောက်လှဲခွင့် ရှိမှာ ဖြစ်တယ်လို့ အိုင်စီစီ ရှေ့နေချုပ်က ပြောပါတယ်။