အင်ဒိုဝန်ကြီး မြန်မာခေါင်းဆောင်တွေနဲ့တွေ့

  • 30 အောက်တိုဘာ 2011
dassk_marty_asen ဓာတ်ပုံ မူပိုင် Reuters
Image caption ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်ဒို ဝန်ကြီး

မြန်မာ နိုင်ငံက ၂၀၁၄ မှာ အာဆီယံ ဥက္ကဌ နေရာ မှာ တာဝန် ထမ်းဆောင်ရေးနဲ့ ပတ်သက်ပြီး မြန်မာ နိုင်ငံ ကို ရောက်ရှိ နေတဲ့ အင်ဒိုနီးရှား နိုင်ငံ ခြားရေး ဝန်ကြီး မာတီ နာတာလေဂါဝါ ဟာ စနေနေ့က မြန်မာ အစိုးရ ခေါင်း ဆောင်တွေနဲ့ တွေ့ဆုံ ခဲ့ပါတယ်။

သူဟာ သမ္မတ ဦးသိန်းစိန် နဲ့ နေပြည်တော်မှာ တွေ့ဆုံ အပြီး ရန်ကုန်မြို့ ကို ပြန်လာပြီး မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့လဲ တွေ့ဆုံ ခဲ့ပါတယ်။

အင်ဒိုနီးရှား နိုင်ငံ ကတော့ လက်ရှိ ၁၀ နိုင်ငံ ပါဝင် တဲ့ အာဆီယံ အဖွဲ့ရဲ့ အလှည့်ကျ ဥက္ကဌ ဖြစ်ပါတယ်။ လာမဲ့ ၂၀၁၄ ခုနှစ်မှာ အာဆီယံ ဥက္ကဌ နေရာကို လောနိုင်ငံက အလှည့်ကျ ထမ်းဆောင် ရမှာ ဖြစ်ပေမယ့် မြန်မာ နိုင်ငံက တာဝန်ယူဖို့ ကမ်းလှမ်း ထားတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်က မြန်မာ နိုင်ငံ ဥက္ကဌ လုပ်ရမှာ ဖြစ်ပေမယ့် အဆင်သင့် မဖြစ်သေးဘူးဆိုပြီး မလုပ်ဖြစ် ခဲ့တာပါ။

အခုတော့ မြန်မာ နိုင်ငံမှာ နိုင်ငံရေး အခြေအနေ ပြောင်းလဲ မှုတွေ တွေ့လာ နေရသလို အစိုးရက လဲ အတိုက်အခံ တွေ နဲ့ ဆက်ဆံ မှုတွေ ရှိလာတာကို တွေ့ရပါတယ်။