တောင်ဆူဒန် မြို့ကို သူပုန်တိုက်ခိုက်

  • 30 အောက်တိုဘာ 2011
south_sudan ဓာတ်ပုံ မူပိုင် wikipidia
Image caption တောင်ဆူဒန် သမ္မတ နိုင်ငံ

တောင် ဆူဒန် သမ္မတ နိုင်ငံ က ရေနံ သယံဇာတ ကြွယ်ဝတဲ့ ယူနတီ ပြည်နယ် ထဲက မြို့တမြို့ ကိုတော့ သူပုန် တွေက တိုက်ခိုက် ခဲ့တဲ့ အတွက် လူပေါင်း ၇၅ ဦးထက် မနည်း သေဆုံး သွားပါတယ်။

ဒီတိုက်ခိုက် မှုဟာ ပြီးခဲ့တဲ့ ဇူလိုင် လ က လွတ်လပ် ရေး ရပြီး နောက်ပိုင်း မှာ အဆိုး ဝါးဆုံး တိုက်ခိုက် ခံရ မှုလဲ ဖြစ်ပါတယ်။ စစ်တပ် ဘက်က ပြောရေး ဆိုခွင့် ရသူကတော့ ဒီသေဆုံး ခဲ့ရသူ တွေထဲမှာ အရပ်သား ၁၅ ဦးလဲ ပါဝင် တယ်လို့ ဘီဘီစီကို ပြောပါတယ်။

တောင်ဆူဒန် လွတ်မြောက်ရေး တပ်လို့ ခေါ်တဲ့ သူပုန်တွေ ဘက်ကတော့ မာယွန်ဆိုတဲ့ မြို့ကို ထိန်းချုပ် ထားလိုက် နိုင်ပြီလို့ ဆိုနေပေမယ့် အတည်ပြု လို့တော့ မရပါဘူး။

အရင် သူပုန် တဖြစ်လဲ တောင်ဆူဒန် အစိုးရ အဖွဲ့ဟာ သူပုန် အဖွဲ့ တချို့နဲ့ သဘော တူညီ မှုတွေ ရခဲ့ ပြီးဖြစ် ပေမယ့် တချို့ အဖွဲ့တွေက တော့ သူတို့ကို ဆန့်ကျင် နေကြဆဲ ပဲဖြစ် ပါတယ်။ အဲဒီ အဖွဲ့တွေက သူတို့ တွေဟာ အကျင့် ပျက်မှု နဲ့ ဖွံ့ဖြိုးမှု နည်းပါး နေတာ တွေ ကို ဆန့်ကျင် တိုက်ခိုက် နေကြတာ လို့ ဆိုပါတယ်။