ဆီးရီးယား ဆန္ဒပြမှု တရက်ထဲ လေးဆယ်သေ

  • 29 အောက်တိုဘာ 2011
ဆီးရီးယား ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဆီးရီးယား ဆန္ဒပြပွဲ

ဆီးရီးယား နိုင်ငံကို မပျံသန်းရ ဇုံအဖြစ် သတ်မှတ်ဖို့ တောင်းဆို ဆန္ဒပြသူတွေကို လုံခြုံရေး တပ်တွေက ပစ်ခတ်ရာမှာအ နည်းဆုံး အရပ်သား သုံးဆယ့် ခုနှစ် ယောက် သေဆုံးတယ်လို့ လူ့အခွင့် အရေး အဖွဲ့တွေက ပြောပါတယ်။

လူ့အခွင့်အရေး စောင့်ကြည့် မျှော်စင်လို့ အမည် ရတဲ့ အဖွဲ့က ဟွမ်းစမြို့နဲ့ နိုင်ငံ တောင်ပိုင်း က ဒီရား မြို့တွေမှာ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ပြောပြီး ဟားမား မြို့မှာတော့ လုံခြုံရေး အဖွဲ့တွေနဲ့ အတိုက်အခံ ဆန္ဒပြသူတွေ ခိုက်ရန် ဖြစ်ပွားတဲ့ သတင်းတွေ ရရှိတယ်လို့ ပြောပါတယ်။

အစိုးရကတော့ လက်နက်ကိုင် အဖွဲ့တွေက ဟွမ်းစမြို့က ရဲစခန်း တခုကို ဝင်တိုက်တယ်လို့ စွပ်စွဲ ခဲ့ပါတယ်။