ဆီးရီးယားမှာ စစ်တပ် ပြန်အတိုက်ခံရ

  • 30 အောက်တိုဘာ 2011
homs
Image caption ဟွမ်းမြို့ထဲက ဆီးရီးယား စစ်တပ်

ဆီးရီးယား နိုင်ငံမှာတော့ စစ်တပ်ကနေ အတိုက်အခံ ဘက်ကို ကူးလာခဲ့ကြတဲ့ တပ်ပြေးတွေ ရဲ့ တိုက်ခိုက် မှုတွေကြောင့် စစ်သား ၃၀ လောက် သေဆုံးခဲ့ရ ပါတယ်။

ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်သူများ အဖွဲ့ရဲ့ အဆိုအရ အစိုးရ ဆန့်ကျင်မှုတွေ ရဲ့ ဗဟိုပြုရာ လို့ ဆိုနိုင်တဲ့ ဟွမ်းမြို့မှာ ဆိုရင် စစ်သား ၂၀ လောက် သေဆုံးခဲ့ ရပြီး ၅၀ လောက် ဒဏ်ရာ ရရှိခဲ့တယ် လို့ သိရပါတယ်။

နိုင်ငံရဲ့ အနောက်မြောက် ပိုင်းက အီဒစ်ဘ် ပြည်နယ် ထဲမှာတော့ လုံခြုံရေး တပ်ဖွဲ့ ဝင် တွေ တင်ဆောင် လာတဲ့ ကားတစင်းကို ခြုံခို တိုက်ခိုက် တာ ခံခဲ့ရတဲ့ အတွက် ၁၀ ဦး သေဆုံး ခဲ့ရ ပါတယ်။ လေ့လာ သူတွေရဲ့ ကတော့ ဆန္ဒပြသူ တွေကို ပစ်ခိုင်း တာကို မပစ်ဖို့ ငြင်းဆန်ပြီး တပ်ပြေး လုပ်ခဲ့ကြတဲ့ စစ်သားတွေ ပါဝင်တဲ့ လက်နက်ကိုင် ပုန်ကန်မှု တွေ စပြီး ဖြစ်လာ နေပြီ ဖြစ်တယ် လို့ ဆိုပါတယ်။