တရုတ်နိုင်ငံမှာ ရဲကားတိုက်လို့ အကြမ်းဖက် ဆန္ဒပြ

  • 30 အောက်တိုဘာ 2011
Image caption ဆန္ဒပြပြီး မငြိမ်မသက်မှုတွေ ဖြစ်ခဲ့တယ် ဆိုတာကို တော့ ရှင်ဝှါက မပြောပါ

တရုတ်နိုင်ငံ ဟီနန် ပြည်နယ်မှာ ရဲတဦးမောင်းလာတဲ့ ကားနဲ့တိုက်မိလို့ လူငါးဦး သေဆုံးသွားခဲ့ပြီးတဲ့နောက် အကြမ်းဖက် ကန့်ကွက်ဆန္ဒပြမှု တခု ဖြစ်ပွားခဲ့တယ်လို့ နိုင်ငံ အလယ်ပိုင်းက လာတဲ့ သတင်းတွေက ဆိုပါတယ်။

တရုတ်နိုင်ငံ တရားဝင် သတင်း အေဂျင်စီ ရှင်ဝှါကတော့ အရက်သောက်ထားပြီး အရှိန်ရနေတဲ့ ရဲတဦး ကားမောင်းလာရာမှာ ကားကို မထိန်းနိုင်ဖြစ်သွားခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါပေမယ့်လို့ ဆန္ဒပြပြီး မငြိမ်မသက်မှုတွေ ဖြစ်ခဲ့တယ်ဆိုတာကိုတော့ ရှင်ဝှါက ထုတ်ဖေါ် ပြောကြားခြင်း မရှိပါဘူး။

ကားတိုက်လို့ သေဆုံးသွားခဲ့ သူတွေရဲ့ အလောင်းကို ဖယ်ရှားဖို့ လုပ်နေတဲ့ ရဲတွေကို လူပေါင်းရာနဲ့ချီ စုဝေးရောက်လာပြီး တားဆီးခဲ့ကြတယ်လို့ မျက်မြင်တွေ့ရှိခဲ့သူတွေက ပြောပါတယ်။

လူအုပ်ကြီးက အလောင်းတင်ကားတွေနဲ့ ရဲကားကို ရိုက်ခွဲပြီး ပက်လက်လှန်ခဲ့ ကြတယ်လို့ ဆိုပါတယ်။