အစ္စရေးက ဂါဇာကို လေကြောင်းကနေ တိုက်

  • 31 အောက်တိုဘာ 2011
gaza_latest
Image caption ဂါဇာက တိုက်ခိုက် ခံရ မှုကြောင့် ဒဏ်ရာရသူ တဦး

ဂါဇာ ကမ်းမြှောင်ရဲ့ တောင်ဘက် နယ်စပ် အနားက ရာဖာမြို့ အနီး မှာတော့ အစ္စရေး ဘက်က လေကြောင်း ကနေ တိုက်ခိုက် ခဲ့လို့ ပါလက်စတိုင်း လူမျိုးတဦး သေဆုံး ခဲ့ရပြီး တဦး ဒဏ်ရာ ရရှိသွား ပါတယ်။

ဒီ အခု သေဆုံး ရသူ နဲ့ပါ ဆိုရင် ပြီးခဲ့တဲ့ ၂ ရက် အတွင်း မှာ အစ္စရေး ရဲ့ လက်ချက်နဲ့ သေဆုံး ခဲ့တဲ့ ပါလက်စတိုင်း စစ်သွေးကြွ ၁၀ ဦး ရှိသွား ပြီ ဖြစ်ပါတယ်။

အစ္စရေး ဘက်က အက်ရှ် ကယ်လွန် မြို့ကို တော့ ဒုံးကျည် နဲ့ တိုက်ခိုက် တာ ခံခဲ့ရလို့ အစ္စရေး လူမျိုး တဦး သေဆုံး သွားပါတယ်။ အီဂျစ် က ကြားကနေဆောင်ရွက် ပေးနေတဲ့ အပစ် ရပ် ရေး သဘောတူညီမှု တွေ အဆင်မပြေ နိုင်ဖြစ် နေချိန်မှာ ပဲ အခု လိုမျိုး လေကြောင်း ကနေ တိုက်ခိုက် မှုတွေ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟု ကတော့ ဂါဇာ ဘက်ကနေ ဒုံးကျည်တွေနဲ့ အပစ် မရပ် သရွေ့ အစ္စရေး ဘက်က တိုက်ခိုက် မှုတွေ တိုးလုပ်လာ ဖို့ပဲ ရှိတယ်လို့ ဆိုလိုက် ပါတယ်။