အနောက်နိုင်ငံတွေကို ဆီးရီးယား သတိပေး

  • 30 အောက်တိုဘာ 2011
Image caption အနောက်နိုင်ငံတွေကြောင့် အရှေ့အလယ်ပိုင်း ဒုက္ခရောက်နိုင်တယ် (သမ္မတအာဆတ်)

အနောက်အုပ်စု အင်အားကြီး နိုင်ငံတွေ အနေနဲ့ ဆီးရီယား ပြည်တွင်းရေးကို ဝင်ရောက် မစွက် ဖက်ဖို့ ဆီးရီးယား သမ္မတ ဘာရှား အဲလ် အာဆတ်က သတိပေး ပြောကြားလိုက် ပါတယ်။

အနောက် နိုင်ငံတွေကြောင့် အရှေ့အလယ်ပိုင်း ဒေသ တခုလုံး မီးလောင်ပြာကျသွားနိုင် တယ်လို့ သမ္မတအာဆတ်က ပြောပါတယ်။

ဗြိတိသျှ သတင်းစာ တစောင်ကို ပြောကြားရာ မှာ သမ္မတ အာဆတ်က အနောက်နိုင်ငံတွေရဲ့ ဝင်ရောက် စွက်ဖက်မှုဟာ အာဖဂန်မှာလိုမျိုး နောက်ထပ် ပဋိပက္ခ တခုကို ထပ်ဖြစ်စေနိုင် တယ်လို့ ပြောပါတယ်။

အစိုးရ ဆန့်ကျင် ဆန္ဒပြသူတွေက ဆီးရီးယားအပေါ် လေယာဉ် မပျံသန်းရဇုန် သတ်မှတ်ဖို့ တောင်းဆိုမှုတွေ ထွက်လာပြီးနောက် သမ္မတက အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ပြုပြင်ပြောင်းလဲမှုတွေကြောင့် ဆန္ဒပြမှုတွေဟာ သူ့အစိုးရကို ထောက်ခံတဲ့ အသွင် ပြောင်းလဲ လာပြီ ဖြစ်တယ်လို့လည်း သူကပြောပါတယ်။