ပင်လယ်ကွေ့မှာ ကန် စစ်အင်အား တိုးဖို့ စီစဉ်

  • 31 အောက်တိုဘာ 2011
usiraq
Image caption အီရတ်က အမေရိကန် တပ်ဖွဲ့ဝင်များ

အမေရိကန် ပြည်ထောင်စု ဟာ ဒီနှစ် ကုန်ပိုင်း မှာ အီရတ် နိုင်ငံ အတွင်းက သူ့ရဲ့တပ်ဖွဲ့ တွေကို အပြီး ရုတ်သိမ်း သွားပြီး ချိန်မှာ ပင်လယ်ကွေ့ ဒေသ အတွင်းမှာ စစ်အင်အားကို ပိုမို တိုးမြှင့် ချထား နိုင်ရေးကို စီစဉ် နေတယ်လို့ သတင်း တချို့မှာ ဆိုပါတယ်။

နယူးယောက်တိုမ်းစ် သတင်းစာ က အမေရိကန် တွေဟာ ကူဝိတ်မှာ တပ်ဖွဲ့တခု ချထား နိုင်ရေး အတွက် ဆွေးနွေး နေသလို ၊ စစ်သင်္ဘော တွေပါ အဲဒီ ဒေသ အတွင်း ကို ထပ်လွှတ်ပေး ဖို့ စဉ်းစား နေတယ်လို့ လဲ ဆိုပါတယ်။

ဒီ သတင်းစာက ဆိုထား တာ ကတော့ ပင်တဂွန် ဟာ အီရတ်မှာ ဒီနှစ်ကုန် နောက်ပိုင်း အထိကို တပ်ဖွဲ့ဝင် ၂၀၀၀၀ လောက် ထားဖို့ရည်ရွယ် ထားခဲ့ကြောင်းနဲ့ အခုလဲ အီရတ် နိုင်ငံအတွင်း မှာ လုံခြုံရေး အခြေအနေ လျော့ရဲ လာတာမျိုး၊ နောက် အီရန်နဲ့ ထိတ်တိုက် တွေ့လာ နိုင်တဲ့ အခြေအနေ မျိုးတွေမှာ ဖြေရှင်း နိုင်ဖို့ နည်းလမ်းတွေ ရှာဖွေ နေတယ်လို့ ဖော်ပြ ထားပါတယ်။