ပါလက်စတိုင်း ယူနက်စကို အဖွဲ့ဝင်ဖြစ်လာ

  • 31 အောက်တိုဘာ 2011
ဓာတ်ပုံ မူပိုင် reuters
Image caption UNESCO အစည်းအဝေး

ကုလသမဂ္ဂ ယဉ်ကျေးမှုနဲ့ သိပ္ပံ ဆိုင်ရာ အဖွဲ့ အစည်း UNESCO မှာ ပါလက် စတိုင်းကို တင်းပြည့် အဖွဲ့ဝင် အဖြစ် ခွင့်ပြုသင့် မသင့် မဲခွဲ ဆုံးဖြတ်ကြ ရာမှာ ထောက်ခံတဲ့ ဘက်က အသာရ သွားပါတယ်။

ယူနက်စကို ကိုယ်စားလှယ် တွေက ပဲရစ် မြို့မှာ ဒီကနေ့ မဲခွဲ ဆုံးဖြတ် ကြရာမှာ မဲပေး ခဲ့ကြတဲ့ နိုင်ငံတွေရဲ့ သုံးပုံ နှစ်ပုံက ပါလက်စတိုင်း တို့ အဖွဲ့ဝင် ဖြစ်ရေးကို ထောက်ခံ ခဲ့ကြတာပါ။

ဗြိတိန် နိုင်ငံ၊ Northern Ireland အပါအဝင် နိုင်ငံ တချို့က မဲ မပေးဘဲ နေခဲ့ကြပြီး သြစတြေးလျ နိုင်ငံ ကတော့ ကန့်ကွက်မဲ ပေးခဲ့ပါတယ်။

အမေရိကန်နဲ့ အစ္စရေး တို့ကတော့ ပြတ်ပြတ် သားသားကို ကန့်ကွက် ခဲ့ကြပါတယ်။

ယူနက်စကို အဖွဲ့ဝင် ဖြစ်ရေး ကို ပါလက် စတိုင်း တို့ရဲ့ ကြိုးပမ်းမှုဟာ နိုင်ငံ တစ်နိုင်ငံ အဖြစ် အသိအမှတ်ပြုရေး အတွက် သံတမန်ရေးအရ ပိုမို ကျယ်ကျယ် ပြန့်ပြန့် လှုပ်ရှား ဆောင်ရွက်မှုရဲ့ တစ်စိတ် တပိုင်းလည်း ဖြစ်ပါတယ်။

လုံခြုံရေး ကောင်စီမှာ ဗီတိုအာဏာ သုံး ပယ်ချမယ်လို့ အမေရိကန် ပြည်ထောင်စုက ဆိုထားတဲ့ ကုလသမဂ္ဂမှာ တင်းပြည့် အဖွဲ့ဝင် အဖြစ် လက်ခံဖို့ ပါလက်စတိုင်းတို့က လျှောက်ထားခဲ့ အပြီး တစ်လ အကြာမှာ အခု ကိစ္စ ပေါ်ပေါက် လာတာ ဖြစ် ပါတယ်။

အမေရိကန်တို့ရဲ့ ၁၉၉၀ ခုနှစ်က ပြဌာန်းတဲ့ ဥပဒေအရ အဲဒီအချိန်က ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ ပီအဲအိုကို ကုလသမဂ္ဂအဖွဲ့အစည်းတခုခုက အဖွဲ့ဝင်အဖြစ်လက်ခံရင် အဲဒီအဖွဲ့ကို အမေရိကန်တို့ ထောက်ပံတဲ့ ရံပုံငွေကို ရုတ်သိမ်းရမှာ ဖြစ်ပါတယ်။

ဒါကြောင် ယူနက်စကို အနေနဲ့ အမေရိကန်တို့ နှစ်စဉ်ထည့်ဝင်တဲ့ ဒေါ်လာ သန်းရ၀ ကို ဆုံးရှုံးရမဲ့ အနေအထားရှိနေပါတယ်။