ကမ္ဘာ့ သန်း ၇ ထောင်မြောက် လူသား

  • 31 အောက်တိုဘာ 2011

အပြည်ပြည် ဆိုင်ရာ ကလေးများ ဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာ ရန်ပုံငွေ အဖွဲ့ Plan International က အိန္ဒိယ နိုင်ငံ မြောက်ပိုင်း မှာ မွေးဖွားတဲ့ မိန်းကလေး ကို ကမ္ဘာ့ သန်း ၇ ထောင်မြောက် လူသား အဖြစ် အသိအမှတ်ပြု လိုက်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption သန်း ၇ ထောင်မြောက် မွေးဖွားလာသူ နာဂစ်

အဲဒီ ကလေး ကတော့ အူတာ ပရာဒက်ရှ် က ကျေးလက် တောရွာနေ လယ်သမား မိသားစုက မွေးလာတဲ့ သမီးလေး နာဂစ် ဖြစ်ပါတယ်။

သူ့ကို ရွေးချယ် ရတဲ့ အကြောင်းတွေထဲမှာ သမီး မိန်းကလေး မွေးမယ်မှန်း သိရင် ကိုယ်ဝန်ဆောင် သန္ဓေ သားလောင်းကို တရား မဝင် ဖျက်ဆီး ပစ်တဲ့ အလေ့ အထ ရှိလို့ ကျားမ မညီမျှ မှုတွေ ဖြစ်စေတဲ့ အိန္ဒယ နိုင်ငံမှာ အမျိုးသမီးတွေရဲ့ အခွင့် အရေး ကို အာရုံ စူးစိုက် လာကြ စေလိုတဲ့ အချက် ကလည်း တစိတ် တပိုင်း အဖြစ် ပါဝင် ပါတယ်။

သူ့ တစ်ယောက် ထဲသာ ကမ္ဘာ့ သန်း ၇ ထောင်မြောက် လူသား အဖြစ် သတ်မှတ် ခံရ တာတော့ မဟုတ်ပါဘူး။

စောစောပိုင်း ကလည်း ကမ္ဘာ့ ကုလ သမဂ္ဂက ဖိလစ်ပိုင် နိုင်ငံမှာ မွေးဖွားတဲ့ မိန်းကလေး တစ်ယောက်ကို ရွေးခဲ့ပါ သေးတယ်။