ကဒါဖီ လက်ထက်က လက်နက်တွေ ပျောက်နေ

  • 1 နိုဝင်ဘာ 2011
weapon
Image caption ပျောက်နေတဲ့ ပုခုံးထမ်း လောင်ချာတွေဟာ ခရီးသည် လေယာဉ်တွေကို ဒုက္ခပေးနိုင်

လစ်ဗျား ခေါင်းဆောင်ဟောင်း ကဒါဖီ လက်ထက်မှာ သိုလှောင် သိမ်းဆည်းထား တဲ့ လက်နက်တွေ ဘယ်ရောက် ကုန်သလဲ ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး အထူးစိုး ရိမ်တယ်လို့ ကုလ သမဂ္ဂလုံခြုံ ရေး ကောင်စီက ထုတ်ဖော် ပြောဆိုလိုက် ပါတယ်။

ဒီလက်နက်တွေဟာ အယ်လခိုင်ဒါနဲ့ တခြား စစ်သွေးကြွ အဖွဲ့တွေလက် ရောက်သွားနိုင်တာမို့ လက်ရှိ လစ်ဗျား အာဏာပိုင်တွေနဲ့ အိမ်နီးချင်း နိုင်ငံ အစိုးရတွေက ဒီလက်နက်တွေ မပြန့်ပွားအောင် ဝိုင်းဝန်း လုပ်ဆောင်ဖို့ လုံခြုံရေး ကောင်စီက ဆော်သြလိုက်ပါတယ်။

ပုခုံးပေါ် ထမ်းပစ်နိုင်တဲ့ မြေပြင်က ဝေဟင်ပစ် လောင်ချာတွေကို ကဒါဖီ လက်ထက်မှာ အ မြောက်အမြား သိုလှောင် သိမ်းဆည်းခဲ့ပြီး ဒီလက်နက်တွေဟာ ခရီးသည်တင် လေယာဉ် တွေကို အန္တရယ် ပြုနိုင်တယ်လို့ ကောင်စီ ပြဌာန်း ဆုံးဖြတ်ချက်က ဆိုပါတယ်။

လက်နက် အတော်များများဟာ နေတိုးရဲ့ လေကြောင်း တိုက်ခိုက်မှု အတွင်း ပျက်စီခဲ့ပေမယ့် ဘယ်လောက် ကျန်နေသေးလဲဆိုတာ သေချာ မသိဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

လစ်ဗျားက ယာယီ အစိုးရက ဝန်ကြီးချုပ်သစ် တယောက်ကို မနေ့က ရွေးချယ် ခန့်အပ် လိုက်ပါတယ်။

ဝန်ကြီးချုပ်သစ်ဟာ ထရီပိုလီမြို့က စီးပွားရေး လုပ်ငန်းရှင် တယောက် ဖြစ်ပါတယ်။

အသွင် ကူးပြောင်းရေး ကောင်စီက လုပ်တဲ့ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ကိုးယောက် ဝင်အရွေးခံခဲ့ပါတယ်။

အက်ဘဒဲလ ရာမင် အယ်ကစ်လို့ ခေါ်တဲ့ ဝန်ကြီးချုပ်သစ်က မကြာခင် အစိုးရ အဖွဲ့သစ် ဖွဲ့မှာ ဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် ရေးဆွဲမယ့် လွှတ်တော် အတွက် ရွေးကောက် ပွဲတွေ ကျင်းပမှာ ဖြစ်ပါတယ်။

အစောပိုင်းကတော့ နေတိုး အဖွဲ့ချုပ်က လစ်ဗျားက လေကြောင်း စစ်ဆင်ရေးတွေ တရားဝင် ပြီးဆုံးကြောင်း ကြေညာတဲ့ အခမ်းအနား ကျင်းပခဲ့ပြီး နေတိုး အတွင်းရေးမှုးချုပ်လည်း အခမ်းအနား တက်ပါတယ်။