ကျောင်းသားသစ် လက်မခံဖို့ ကောလိပ် ၅ဝဝကို တားမြစ်

  • 2 နိုဝင်ဘာ 2011
Image caption ကောလိပ် ငါးရာ တားမြစ်ခံရ

ဗြိတိန်က ကောလိပ် ၅ဝဝ နီးပါးကို ဥရောပ သမဂ္ဂ ပြင်ပက ကျောင်းသားသစ်တွေ လက်မခံဖို့ တားမြစ်လိုက်ပြီလို့ ဗြိတိသျှ အစိုးရက ပြောပါတယ်။

အဲဒီအထဲက တချို့ ကောလိပ်တွေဟာ ကျောင်းသားတွေရဲ့ ကျောင်းခေါ်ကြိမ်ကိုတောင် မပြနိုင်ဘဲ တချို့ ဆိုရင် သူတို့ကောလိပ်ကို အပ်ထားတဲ့ ကျောင်းသား စာရင်း ဒါမှမဟုတ် အတန်းတက်ရတဲ့ အချိန်ဇယား ကိုတောင် မပြနိုင်ခဲ့ကြဘူးလို့ ဆိုပါတယ်။

အစိုးရရဲ့ ဒီအရေးယူ ဆောင်ရွက်ချက်ဟာ လူဝင်မှု ကြီးကြပ်ရေးနဲ့ ကျောင်းသား ဗီဇာ အပေါ် တလွှဲ အသုံးချမှုတွေ လျှော့ချဖို့ အပြင် ဥရောပ သမဂ္ဂ ပြင်ပက ကျောင်းသားတွေ ဗြိတိန်မှာ စာလာသင်တာကို ဖြတ်တောက်ပစ်ဖို့ ကြိုးစားလုပ်ဆောင်ချက် တရပ်ဖြစ်တယ်လို့ ဘီဘီစီရဲ့ ပြည်ထဲရေးရာ သတင်းထောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ခြောက်လအတွင်း ကျောင်းသား ဗီဇာနဲ့ ပတ်သက်လို့ တင်းကြပ်တဲ့ စည်းမျဉ်းစည်းကမ်းချက်တွေကို ဗြိတိန် အစိုးရက ပြဌာန်း ကြေညာခဲ့ပါတယ်။