အီတလီက စီးပွားရေးပြောင်းလဲမှုတွေကိုဖော်ဆောင်ဖို့ အရေးပေါ် စည်းဝေးခေါ်

  • 2 နိုဝင်ဘာ 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption အီတလီ ဝန်ကြီးချုပ် Silvio Berlusconi

အီတလီ အစိုးရက ဥရောပ ဗဟိုဘဏ်ကို ကတိ ပြုထားတဲ့ စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေကို မြန်မြန် ဆန်ဆန် ဖော်ဆောင်ဖို့ ရည်ရွယ်ချက်နဲ့ အရေးပေါ် အစည်းအဝေး တခု ခေါ်ထားပါတယ်။

အီတလီဟာ သူ့ရဲ့ ဘဏ္ဍာရေး အခြေအနေကို ထိန်းနိုင်တယ်ဆိုတာ ပြသဖို့ ဖိအားပေး ခံနေရပြီး ဖွံ့ဖြိုးမှု တန့်နေတဲ့ စီးပွားရေးကို အားသစ်လောင်းမယ့် အစီအစဉ်တွေ လုပ်ဖို့ ဥရောပ ဗဟိုဘဏ်က တောင်းဆိုထားပါတယ်။

ခုအစိုးရ အဖွဲ့ စည်းဝေးပွဲမှာ ဆွေးနွေးမယ့် အကြောင်းအရာ တခုက တချို့ ပြုပြင် ပြောင်းလဲမှုတွေကို အစိုးရ အဖွဲ့ အမိန့် အာဏာနဲ့ ဖော်ဆောင်နိုင်အောင် ဘယ်လို လုပ်မလဲ ဆိုတဲ့ အချက် ဖြစ်တယ်လို့ အီတလီ အစိုးရ ပြောခွင့်ရ တာဝန်ခံက ပြောပါတယ်။

ဝန်ကြီးချုပ် ဘာလူစကိုနီရဲ့ အဓိပ္ပါယ် ရှိတဲ့ ပြုပြင် ပြောင်းလဲမှုတွေ လုပ်နိုင်စွမ်းကို ဘဏ္ဍာရေး စျေးကွက်က သံသယ ရှိပေမယ့် အီတလီ ဝန်ကြီးချုပ်က ဒီတခါမှာတော့ ပြတ်ပြတ်သားသား လုပ်မယ့်ပုံ ရှိတယ်လို့ ဘီဘီစီ သတင်းထောက်က သတင်း ပေးပို့ထားပါတယ်။