ဂရိမှာ နိုင်ငံရေး ပြဿနာတွေ အကြီးအကျယ် ရင်ဆိုင်နေရဆဲ

  • 4 နိုဝင်ဘာ 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဂရိ ဝန်ကြီးချုပ် George Papandreou

ဂရိနိုင်ငံမှာ ရုတ်ခြည်းပြောင်းလဲမှုတွေ ဖြစ်ခဲ့ပြီး တရက်ကြာမှာ နိုင်ငံရေး ပြဿနာတွေ အကြီးအကျယ် ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် George Papandreou ဂျော့ချ် ပါပန် ဒရီယိုရဲ့ ရာထူးမှာ ဆက်မြဲမယ့် ကံကြမ္မာ ကလည်း မသေချာ ပါဘူး။

သူ့အနေနဲ့ ညွန့်ပေါင်း အစိုးရဖွဲ့ဖို့ ဆန္ဒ ပြင်းပြနေပြီး ဒါကို အတိုက်အခံတွေက လက်ခံမယ် ဆိုရင် ဥရောပ သမဂ္ဂရဲ့ စီးပွားရေး ကယ်ဆယ် ကူညီမှုနဲ့ ခြိုးခြံ ချွေတာရေး အစီအစဉ်တွေ အပေါ် လူထုဆန္ဒ ကောက်ခံမယ်ဆိုတဲ့ အငြင်းပွားဖွယ် ဖြစ်နေတဲ့ သူ့အစီအစဉ်ကို ပယ်ဖျက်ဖို့ အသင့်ဘဲလို့ မစ္စတာ ပါပန်ဒရီယိုက ပြောကြားလိုက်ပါတယ်။

ဒါပေမယ့် အတိုက်အခံတွေကတော့ မစ္စတာ ပါပန်ဒရီယို ဝန်ကြီးချုပ် ရာထူးက နှုတ်ထွက် ပေးပြီး ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပပေးဖို့ တောင်းဆိုမှုနဲ့ တုန့်ပြန်ခဲ့ပါတယ်။

အာဏာရ ဆိုရှယ်လစ်တွေကတော့ ဒီတောင်းဆိုမှုတွေက ဥရောပ ကယ်ဆယ် ကူညီရေး အစီအစဉ် တခုလုံးကို ထိခိုက် စေလိမ့်မယ်လို့ ပြောပါတယ်။