အင်္ဂါဂြိုဟ်ခရီးစဉ် အတွက် လေ့ကျင့်ခန်း ပြီးဆုံး

  • 4 နိုဝင်ဘာ 2011
ဓာတ်ပုံ မူပိုင် Getty Images
Image caption သူတို့ကို သံမဏိ ပြွန်တခုထဲထည့်ပြီး ဂိုဒေါင် တခုထဲမှာ ထားရှိခဲ့တာ ဖြစ်ပါတယ်

အင်္ဂါဂြိုဟ်ကို သွားရောက်မယ့် အာကာသ ယာဉ်မှူး ၆ ဦးကို လေ့ကျင့်တဲ့အနေနဲ့ ဘယ်သူနဲ့မှ ပေးမတွေ့ဘဲ ရက်ပေါင်း ၅၀၀ ကြာ အာကာသယာဉ် အခန်းတခုထဲမှာ သီးသန့်ခွဲထားရာကနေ အခုတော့ ပြန်ထွက် လာကြပြီ ဖြစ်ပါတယ်။

သူတို့ဟာ ရုရှား၊ ဥရာပနဲ့ တရုတ်နိုင်ငံက အာကာသ ယာဉ်မှူးတွေ ဖြစ်ကြပြီး၊ ရုရှားနိုင်ငံ မော်စကိုမြို့တော်က အာကာသယာဉ် အခန်း တခု ထဲကနေ အခုလို ပြန်ထွက်လာ ကြတဲ့ အခါ ပြုံးရွှင်နေကြပါတယ်။

သူတို့ကို သံမဏိ ပြွန်တခုထဲထည့်ပြီး ဂိုဒေါင်တခုထဲမှာ ထားရှိခဲ့တာ ဖြစ်ပါတယ်။

အင်္ဂါဂြိုဟ်ကို အာကာသ ခရီးရှည်သွားတဲ့ အခါ ကြုံတွေ့ရမယ့်အတိုင်း အခန်းအနေ အထားနဲ့ ဖိအားပုံစံ ပြုလုပ်ထားတာ ဖြစ်ပြီး သူတို့ကို ဝတ်စုံတွေ ဝတ်စေကာ ထည့်ထား ခဲ့တာ ဖြစ်ပါတယ်။