ဂရိ ဝန်ကြီးချုပ် အယုံအကြည် မရှိ အဆိုကိုနိုင်

  • 5 နိုဝင်ဘာ 2011
Greece ဓာတ်ပုံ မူပိုင် papandreou
Image caption ဂရိ ဝန်ကြီးချုပ် ဂျော့ ပါပင်ဒရို

ဂရိ ဝန်ကြီးချုပ်ကို အယုံအကြည် ရှိမရှိ လွှတ်တော်မှာ မဲခွဲရာမှာ ဝန်ကြီးချုပ် ပါပင်ဒရိုက ရှစ်မဲ အသာနဲ့ အနိုင်ရခဲ့ ပါတယ်။

အစောပိုင်းကတော့ သူ့ကို အယုံ အကြည် မရှိ အဆိုကို မဲမခွဲခင် ပြုလုပ်တဲ့ လွှတ်တော် စကား အခြေ အတင် ပြောပွဲမှာ သူ့နိုင်ငံရေး ဘဝ အဆုံးသတ် မသွားအောင် အသည်း အသန် ကြိုးစား နေပါတယ်။

ရွေးကောက်ပွဲ စောစော ခေါ်ရင် ဒုက္ခ အကြီးအကျယ် ရောက်နိုင်တယ်လို့ သူက ပြောပြီး အီးယူနဲ့ ရထားတဲ့ ဘဏ္ဍာရေး ကယ်ဆယ်ရေး သဘော တူညီချက်တွေကို ပျက်ပြား စေနိုင် တယ်လို့ ပြောနေပါတယ်။

ညွန့်ပေါင်း အစိုးရ ဖွဲ့ရေး စကား စပြောနိုင်အောင် လွှတ်တော်က သူ့ကို ထောက်ခံဖို့လည်း ပြောပါတယ်။

မဲမခွဲခင်က ဝန်ကြီးချုပ် ပါပင်ဒရိုကို လွှတ်တော်မှာ ထောက်ခံသူ ၅၀ ရာခိုင်နှုန်း သာသာပဲ ရှိပြီး သူ့ပါတီထဲက အမတ်တွေ ကိုယ်တိုင်က သူ့ကို ထောက်ခံဖို့ မသေချာတဲ့ အနေအထားမှာ ရှိခဲ့ပါတယ်။

အခု အယုံအကြည် မရှိ အဆို ရှုံးသွားပေမယ့် အတိုက် အခံတွေက ညွန့်ပေါင်း အစိုးရထဲ မဝင်ခင် သူ့ကို ရာထူးက ဆင်းပေးဖို့ တောင်းဆိုကောင်း တောင်းဆို နိုင်သေး တယ်လို့ သတင်း ထောက်တွေက ပြောပါတယ်။