အီတလီ မှာ ရေကြီးမှုတွေ ဖြစ်

italy
Image caption အီတလီ နိုင်ငံ

အီတလီနိုင်ငံ မြောက်ပိုင်းမှာတော့ မုန်တိုင်းတွေ အဆက်မပြတ် ဝင်နေပြီး မိုးတွေလည်း သည်းထန် နေတဲ့ အတွက် အာဏာပိုင် တွေက အရေးပေါ် သတိပေး ချက်တွေ ထုတ်ပြန် လိုက်ပါတယ်။

ဂျီနိုအာ မြို့မှာ ရေကြီးခဲ့လို့ ကလေး ငယ် ၂ ဦး အပါအဝင် လူ ၆ ဦး သေဆုံး ခဲ့ရတဲ့ နောက် တူရင်မြို့နဲ့ မီလန် မြို့တွေမှာ ဆိုရင် ကြိုတင် ကာကွယ်တဲ့ သဘောနဲ့ တနင်္လာနေ့မှာ ကျောင်း တွေ ကိုပိတ်ထား ဖို့ အမိန့် ထုတ်ပြန်ထား ပါတယ်။

တူရင်မြို့ နဲ့ အနီးတဝိုက်က မြေနိမ့် တဲ့အရပ် တွေမှာ နေထိုင်ကြသူ ထောင်ပေါင်းများစွာကို လဲ အိုးအိမ်ကို စွန့်ပြီး ဘေးလွတ်ရာကို ပြောင်းခိုင်း ထားပါတယ်။

နေပယ်လ် မြို့မှာတော့ မိုးသည်းထန်ပြီး ရေကြီးလာတဲ့ အတွက် အာဏာပိုင် တွေဘက်က အရေးပေါ် အခြေအနေ ကြေငြာထား သလို အဲဒီ မှာကန်ကြဖို့ ရှိတဲ့ ဘောလုံး ပွဲတွေကိုလဲ ရက်ရွေ့ထား ကြပါတယ်။

ရောမမြို့က ဘီဘီစီ သတင်းထောက် ကတော့ ဒီလို ရေကြီးမှုတွေ ဆက်သာ ဖြစ်နေမယ် ဆိုရင် မီလန်က နေ ဗင်းနစ္စ မြို့အထိ အီတလီ တလွှား မှာ ရှိကြတဲ့ သန်းပေါင်းများစွာသော အီတလီ လူမျိုးတွေ အတွက် အန္တရာယ် ရှိနေတယ်လို့ ဆိုပါတယ်။