နိုင်ဂျီးရီးယားမှာ အကြမ်းဖက်မှုတွေ ဖြစ်

  • 6 နိုဝင်ဘာ 2011
_yobe
Image caption နိုင်ဂျီးရီးယား နိုင်ငံ

နိုင်ဂျီးရီးယား နိုင်ငံ ရဲ့ အရှေ့မြောက်ပိုင်း မှာ အစ္စလာမ်မစ် စစ်သွေးကြွ အဖွဲ့ တခု ဖြစ်တဲ့ ဘိုကိုဟာရမ် အဖွဲ့က သေနတ်နဲ့ ပစ်ခတ် တာတွေ၊ ဗုံးခွဲ တိုက်ခိုက် တာတွေ လုပ်ခဲ့ကြောင်း ပြောလိုက်ပါတယ်။

ဒီတိုက်ခိုက် မှုတွေကြောင့် လူပေါင်း၁၀၀ လောက် သေဆုံးခဲ့ ရပါတယ်။ ဒီ အဖွဲ့ရဲ့ ပြောခွင့်ရသူက နောက်ထပ် တိုက် ခိုက်မှုတွေ ကိုလဲ ဆက်လုပ်သွား ဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အခုသေဆုံး ခဲ့ရသူတွေ ထဲက အများစုဟာ ဒါမာတူရူ မြို့ က ဖြစ်ပါတယ်။

အဲဒီ မြို့မှာ အသေခံ ဗုံးသမား က ရဲ ဌာနချုပ်ကို ဝင်ပြီး ဗုံးခွဲ တိုက်ခိုက် ခဲ့တာ ဖြစ်ပါတယ်။ နောက်တခါ ခရစ်ယာန် ဘုရား ရှိခိုး ကျောင်းတွေကိုလဲ လက်ပစ်ဗုံးတွေ နဲ့ တိုက်ခိုက် ခဲ့ ကြတယ်လို့ သိရပါတယ်။

ဒီလို တိုက်ခိုက်မှု တွေဟာ ပြီးခဲ့ တဲ့ သောကြာနေ့က အဲဒီ မြို့အနားက မိုင်ဒုဂရီ မြို့တော် မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ မြို့က စစ် အခြေစိုက် စခန်း တခုကို လဲ အသေခံ ဗုံး သမား တွေက တိုက်ခိုက် ခဲ့ကြတာ ဖြစ်ပါတယ်။

နိုင်ဂျီးရီးယား သမ္မတ ဂွတ်လပ်ခ် ဂျွန်နသန် ရဲ့ ပြောခွင့်ရသူ ကတော့ အစိုးရ ဘက်က ဒီ တိုက်ခိုက် မှုတွေ အတွက် တာဝန် ရှိသူ အားလုံးကို အရေးယူ သွား မယ်လို့ ပြောပါတယ်။