ဆီးရီးယားမှာ ရင်ဆိုင်မှုတွေ ဆက်ဖြစ်

  • 7 နိုဝင်ဘာ 2011
syria_protest ဓာတ်ပုံ မူပိုင် AP
Image caption ဆီးရီးယား နိုင်ငံက ဆန္ဒပြပွဲ တခု

ဆီးရီးယား နိုင်ငံ မှာတော့ အစိုးရ ကို ဆန့်ကျင် တဲ့ ဆန္ဒ ပြသူ တွေနဲ့ အစိုးရရဲ့ လုံခြုံရေး တပ်တွေ အကြား ဖြစ်ခဲ့တဲ့ နောက်ဆုံး ရင်ဆိုင်မှု တွေမှာတော့ လူပေါင်း ၁၃ ဦးထက် မနည်း သေဆုံး ခဲ့ရတယ်လို့ ဆီးရီးယားက ဒီမိုကရေစီ ရေးလှုပ်ရှား သူတွေ က ပြောပါတယ်။

အဲဒီ သေဆုံး ခဲ့ရ သူတွေ ထဲက အများစုဟာ ဟွမ်းစ် မြို့က ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီ မြို့မှာ မကြာသေးခင်က ဆီးရီးယား အစိုးရဘက်က အာရပ်အဖွဲ့ချုပ် ရဲ့ ငြိမ်းချမ်းရေး အစီအစဉ် ကို လက်ခံပြီး မြို့တွင်း လူနေ ရပ်ကွက်တွေ အတွင်းက အစိုးရ တပ်တွေကို ဆုတ်ခွာ ပေးမယ်လို့ ဆိုခဲ့တဲ့ နောက်ပိုင်း မှာ ဒီလို ရင်ဆိုင် မှုတွေ ဖြစ်နေ ခဲ့တာ ရက် အနည်းငယ် ရှိပြီ ဖြစ်ပါတယ်။

အာရပ်အဖွဲ့ချုပ်က နိုင်ငံခြားရေး ဝန်ကြီးတွေကတော့ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ လာမဲ့ စနေနေ့ မှာ တွေ့ဆုံ ဆွေးနွေးကြဦးမှာ ဖြစ်ပါတယ်။

အရှေ့အလယ်ပိုင်း ဒေသဆိုင်ရာ ဘီဘီစီ သတင်းထောက်က တော့ အာရပ် အဖွဲ့ချုပ် အနေနဲ့ လုပ်နိုင်တာ ဆိုလို့ ဆီးရီးယား ကို အဖွဲ့ဝင် အဖြစ်ကနေ ရပ်နား ပစ်တာမျိုး ကို စဉ်းစားလာ နိုင်တယ်လို့ သုံးသတ်ထား ပါတယ်။