ဘာလူစကိုနီ နှုတ်ထွက်ဖို့ တောင်းဆိုနေ

  • 8 နိုဝင်ဘာ 2011
Berlusconi ဓာတ်ပုံ မူပိုင် Getty Images
Image caption မစ္စတာ ဘာလူစကိုနီက သူမနှုတ်ထွက် ဘူးလို့ တင်းခံ နေခဲ့တာပါ

အီတလီ ဝန်ကြီးချုပ် ဆယ်ဗီယို ဘာလူစကိုနီ ဟာ ရာထူးကနေ နှုတ်ထွက် ပေးဖို့ အကြီးအကျယ် ဖိအားပေး ခံနေ ရပါတယ်။

မစ္စတာ ဘာလူစကိုနီ ရဲ့ ညွန့်ပေါင်း အစိုးရ အဖွဲ့ထဲက ခေါင်းဆောင် တစ်ဦးလည်း ဖြစ်၊ သူနဲ့ အချိန် အတော်ကြာ မဟာမိတ် ဖြစ်ခဲ့သူ အမ်ဘာတို ဘော့စီ က မစ္စတာ ဘာလူစကိုနီ နှုတ်ထွက်ပေးဖို့ တောင်းဆို လိုက်ပါတယ်။

မကြာခင် နာရီပိုင်း အတွင်းမှာပဲ မစ္စတာ ဘာလူစကိုနီရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အီတလီ လွှတ်တော် အတွင်းမှာ မဲပေး ဆုံးဖြတ် ကြဖို့ ရှိပါတယ်။

မစ္စတာ ဘူလူစကိုနီ ပါတီက အမတ် အများအပြား ကလည်း သူ နှုတ်ထွက်ရေးကို ထောက်ခံဖွယ် ရှိနေ ပါတယ်။

ဒါပေမယ့် မစ္စတာ ဘာလူစကိုနီ ကတော့ သူ့မှာ ထောက်ခံသူ အလုံအလောက် ရှိတယ်လို့ ပြောနေ ပါတယ်။

နိုင်ငံတကာ ငွေကြေးစျေးကွက် တွေကလည်း အီတလီက ချေးယူ ထားတဲ့ အကြွေးတွေ အပေါ် အတိုး ပိုယူမယ် ဆိုပြီး အီတလီ ဝန်ကြီးချုပ် အပေါ် ဖိအားတွေ တိုးပေး နေပါတယ်။