အာဖဂန်တိုက်ပွဲတခုမှာ တာလီဘန် ၆၀ ကျော် သေဆုံး

  • 9 နိုဝင်ဘာ 2011
ဓာတ်ပုံ မူပိုင် none
Image caption တာလီဘန်တွေကို ပြန်တွန်းလှန်ဖို့ အတွက် လေကြောင်း အကူအညီ တောင်းခဲ့ရ

အာဖဂန်နစ္စတန် အရှေ့တောင်ဘက်ပိုင်း ပါကစ္စတန် နယ်ခြားအနီးက နေတိုး မဟာမိတ် စစ်အခြေစိုက်စခန်း တခုကို တာလီဘန် သူပုန် တွေက တိုက်ခိုက် ခဲ့ကြ တဲ့ အတွက် နေတိုး တပ်ဖွဲ့တွေနဲ့ သူပုန်တွေ အကြား ကြီးမားတဲ့ တိုက်ပွဲတခု ဖြစ်ပွား ခဲ့ပါတယ်။

အဲဒီတိုက်ပွဲအတွင်း တာလီဘန် တိုက်ခိုက်ရေး သမား ၆၀ ကနေ ၇၀ လောက်အထိ သေဆုံး သွားတယ်လို့ အာဖဂန် အရာရှိတဦးက ပြောပါ တယ်။

လက်နက်အပြည့်အစုံ တပ်ဆင်ထားတဲ့ ဒီတိုက်ခိုက်ရေးသမားတွေကို ပြန်တွန်းလှန်ဖို့အတွက် နေတိုးတပ်ဖွဲ့တွေဟာ လေကြောင်းအကူအညီ ရယူခဲ့ရပါတယ်။

ပက်တီကာ ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဒီတိုက်ပွဲမှာ အရပ်သား တဦးမှ သေဆုံးခြင်းမရှိသလို နေတိုးတပ်ဖွဲ့ဝင်တွေလည်း သေဆုံးခြင်းမရှိဘူးလို့ နေတိုးဘက်က ပြောပါတယ်။

စစ်စခန်းကို တိုက်ခိုက်ခဲ့သူတွေဟာ ဟက်ခါးနစ် စစ်သွေးကြွ ကွန်ယက်အဖွဲ့က အဖွဲ့ဝင်တွေ ဖြစ်ကြပြီး၊ သူတို့ဟာ ပါကစ္စတန်ကနေ အာဖဂန်ဘက်ကို ဝင်လာပြီး တိုက်ခိုက် ခဲ့ကြတာ ဖြစ်တယ်လို့ အာဖဂန် လုံခြုံရေး အရာရှိတွေက ပြောပါတယ်။