တူရကီ ငလျင် ထပ်လှုပ်

  • 10 နိုဝင်ဘာ 2011
_turkey_quake
Image caption တူရကီ ငလျင်

ငလျင်ပြင်းအား ၅ဒဿမ ၇ ရစ်ချ်တာ စကေးရှိတဲ့ မြေငလျင် တခု တူရကီ နိုင်ငံတောင်ပိုင်း မှာ လှုပ်သွားတဲ့ အတွက် အဆောက်အဦး ၁ဝ လုံး ပြိုကျရာမှာ ခြောက်ထပ်တိုက် ဟိုတယ် တလုံး ပါ၊ပါဝင်တယ် လို့ တူရကီ လခြမ်းနီ ကယ်ဆယ်ရေး အဖွဲ့ က ဘီဘီစီ ကို ပြောပါတယ်။

ဟိုတယ် အပြို အပျက်ကြား ထဲက လူ ၁၁ ဦး ကိုတော့ ကယ်ဆယ်ပြီး သလို နောက်ထပ် ရှာဖွေ ကယ်ဆယ်ရေး ဆက်လက် လုပ်နေကြပါတယ်။ အခင်းဖြစ်ပွားရာ ကို ရောက်ခဲ့တဲ့ ပါလီမန် အမတ် တဦးက လူ ရာဂဏန်း ခန့် သေနိုင်တယ်လို့ ပြောပါတယ်။

အမေရိကန် ဘူမိဗေဒ စစ်တမ်းဌာန က ငလျင် ဗဟိုချက်ဟာ ဗင်မြို့ရဲ့ တောင်ဖက် ကီလိုမီတာ ၁၇ အကွာအဝေး မှာ လှုပ်တာလို့ ပြောပါတယ်။

ဒီဒေသ မှာပဲ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်က ငလျင်လှုပ်ခဲ့လို့ လူပေါင်း ၅ဝဝ ကျော် သေဆုံး ခဲ့ပါတယ်။