ယူရိုဇုံ သတင်းကြောင့် ရှယ်ယာစျေးတွေ ပြန်တက်

  • 12 နိုဝင်ဘာ 2011
asian share prices
Image caption ကမ္ဘာတဝှမ်း ရှယ်ယာစျေးတွေ ထိုးတက်

ယူရိုဇုံ အနာဂတ်ကို ချိမ်းခြောက်နေတဲ့ အကြွေး ပြဿနာတွေကို ဖြေရှင်းဖို့ ဂရိနဲ့ အီတလီတို့က ပြတ်ပြတ် သားသားလုပ် ဆောင်လာပြီးနောက် မနေ့က ဥရော ပနဲ့ အမေရိကန်က အစုရှယ်ယာ စျေးကွက်မှာ ရှယ်ယာ ညွှန်းကိန်းတွေ တရက်ထဲ နှစ်ရာ ခိုင်နှုန်း ဝန်းကျင်စီ တက်သွားခဲ့ပါတယ်။

ယူရိုနဲ့ ဒေါ်လာလဲနှုန်းလည်း မနေ့က သိသိ သာသာ တက်ခဲ့ပါတယ်။

အီတလီ အထက် လွှတ်တော်က နေ့ရွှေ့ ညရွှေ့ လုပ်နေတဲ့ စီးပွားရေး ပြုပြင် ပြောင်းလဲမှု အစီအမံတွေကို မနေ့က အတည်ပြုခဲ့ပြီး အောက်လွှတ်တော်က ခုစနေ တနင်္ဂနွေ နှစ်ရက်မှာ တခါ မဲခွဲ အတည်ပြုဖို့ ရှိပါတယ်။

ဒါပြီးရင် အရင် အီးယူ ကော်မရှင်နာ မင်းကြီး မာရီယို မွန်တီဟာ ဘာလူ စကိုနီဆီကနေ ဝန်ကြီးချုပ် ရာထူးက လွှဲပြောင်း ရယူဖို့ လမ်းပွင့်သွားမှာ ဖြစ်ပါတယ်။

ဂရိ နိုင်ငံမှာလည်း ဝန်ကြီးချုပ်သစ် လူးကပ်စ ပါပါဒီမော့စဟာ မနေ့က ကျမ်းသစ္စာ ကျိန်ဆို ခဲ့ပြီး အီးယူနဲ့ ပြီးခဲ့တဲ့ လက သဘော တူခဲ့တဲ့ ဘဏ္ဍာရေး ဆိုင်ရာ သဘော တူညီချက်တွေကို ဆက်လုပ်မှာ ဖြစ်ပါတယ်။

ဒီသဘော တူညီချက်တွေ အရ ပြည်သူလူထု အများစု ဆန့်ကျင်တဲ့ ခြိုးခြံ ချွေတာရေး အစီ အမံတွေကို ဆိုင်ရာ အစိုးရတွေက ဖော်ဆောင်မှုဟာ ဒီမိုကရေစီနည်း ကျရဲ့လား ဆိုတာ မေးစရာ ဖြစ်နေပါတယ်။