ဂရိ ဝန်ကြီးချုပ်သစ် ညီညွတ်ကြဖို့ ပန်ကြား

  • 11 နိုဝင်ဘာ 2011
ဓာတ်ပုံ မူပိုင် b
Image caption ဂရိ ပါလီမန်မှာ နိုင်ငံရေးကိစ္စ အပြင်းအထန် ဆွေးနွေးနေ

ဂရိနိုင်ငံမှာ လေးရက်ကြာ နိုင်ငံရေးဆွေးနွေးမှုတွေ အပြင်းအထန် ကျင်းပ ပြီးတဲ့အခါမှာ ဥရောပ ဗဟိုဘဏ် ဒုတိယ ဥက္ကဌဟောင်း Lucas Papademos ကို ဝန်ကြီးချုပ်သစ် အဖြစ် တင်မြောက်လိုက်ပါတယ်။

အဲဒီနောက် မိန့်ခွန်းပြောကြားရာမှာ ဂရိနိုင်ငံဟာ လမ်းဆုံ လမ်းခွမှာ ရောက်နေပြီး ဖြေရှင်းရမယ့် ပြဿနာတွေ အများကြီး ရှိတာကြောင့် အတူတကွ ပူးပေါင်း ဆောင်ရွက်ဖို့နဲ့ ညီညွတ်ကြဖို့ လိုတယ်လို့ မစ္စတာ ပါပါဒီမိုးစ်က ပန်ကြားလိုက်ပါတယ်။

သူ့ရဲ့ ကြားဖြတ် အစိုးရအဖွဲ့ဟာ ပြီးခဲ့တဲ့ လက သဘောတူခဲ့ကြတဲ့ ဥရောပ သမဂ္ဂ ဘဏ္ဍာရေး ကယ်တင် ကူညီမှု အသစ်ကို လက်ခံသဘောတူမှု ရ အောင် ကြိုးစားပြီး နောက်ထပ် နိုင်ငံတကာ ချေးငွေတွေ ရအောင် လုပ်မယ်လို့ ဆိုပါတယ်။

သူ့အစိုးရသစ်မှာ ဘယ်သူတွေ ဘယ်ရာထူးခန့်မယ် ဆိုတာ ကြေညာချက် မထွက်သေး သလို ရွေးကောက်ပွဲ ကျင်းပမယ့် ရက်လည်း မသိရသေးပါဘူး။

ဒီနေ့ သောကြာနေ့ နေ့လည်မှာ မစ္စတာ ပါပါဒီးမိုးစ်ဟာ ဝန်ကြီးချုပ်သစ် အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုမှာ ဖြစ်ပါတယ်။