KNU ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဆုံးဖြတ်

  • 11 နိုဝင်ဘာ 2011
general_mutu ဓာတ်ပုံ မူပိုင် burmese
Image caption ဗိုလ်ချုပ်ကြီး မူတူး

ကေအင်ယူ ဗဟိုကော်မတီ နဲ့ အရံ ဗဟိုကော်မတီ အစည်းအဝေး ဒီတပတ် အတွင်းဆုံးဖြတ်ချက် အရ အဖွဲ့ဝင် ၇ ဦး ပါတဲ့ ကိုယ်စားလှယ် အဖွဲ့ ဟာ မြန်မာနိုင်ငံက ပြည်ထောင်စု အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ပြည်တွင်းကို စေလွှတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် အဖြစ် စစ်ဦးစီးချုပ် ဒုတိယ ဉက္ကဌ ဗဒို စောဒေးဗစ် သာကပေါ၊ အဖွဲ့ဝင် တွေ အနေနဲ့ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန် နဲ့ စုစုပေါင်း ၇ ဦး ပါဝင်မှာပါ။

ဆွေးနွေးမယ့် ရက်ကိုတော့ ကေအင်ယူ ဖက် က မပြောသေး ပေမယ့် အပစ်အခတ် ရပ်ဆဲရေး နဲ့ တပ်နေရာ ချထားရေး တွေကို အရင် ဆွေးနွေးမယ် လို့ သိရပါတယ်။

မြန်မာအစိုးရ ဟာ လူမျိုးစု လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရင်၊ ပြည်နယ် အစိုးရ အဆင့်နဲ့ ဆွေးနွေးလေ့ ရှိပေမယ့် ဒီတခါ မှာတော့ ကေအင်ယူ ဖက်က ပြည်ထောင်စု အစိုးရ နဲ့ တိုက်ရိုက်ဆွေးနွေး လိုတယ်လို့ ပြောခဲ့လို့ လက်ခံ ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ လဆန်းက မီးရထားဝန်ကြီး ဦးအောင်မင်း နဲ့ ကေအင်ယူ ခေါင်းဆောင်ပိုင်း မဲဆောက်မှာ တွေ့တုန်း အထက်ပါ သတင်းစကား ပေးလိုက်တါပါ။