အေးပက် ညီလာခံအတွက် အိုဘားမား ဟာဝိုင်ယီသွား

  • 12 နိုဝင်ဘာ 2011
apec
Image caption အေပက် ညီလာခံ တက်ဖို့ အိုဘားမား ဟာဝိုင်ယီသွား

နှစ်စဉ် ကျင်းပတဲ့ အေးပက်ခေါ် အာရှ ပစိဖိတ် နိုင်ငံများ ထိပ်သီး စည်းဝေးပွဲကို လက်ခံ ကျင်းပဖို့ အမေရိကန် သမ္မတ အိုဘားမားဟာ ဟာဝိုင်ယီကျွန်းကို သွားနေပါတယ်။

ကမ္ဘာ့ ဘဏ္ဍာရေး အကျပ်အတည်းကို ဘယ်လို ရှင်းမလဲ ဆိုတဲ့ ကိစ္စကို အေးပက် အစည်းအဝေး တက်လာတဲ့ ခေါင်းဆောင်တွေ ဆွေးနွေးကြဖွယ် ရှိပြီး အထူးသဖြင့် ဥရောပက စီးပွားရေး အကျပ် အတည်းတွေကနေ ဘယ်လို ကာကွယ်မလဲ ဆိုတာကို ဆွေးနွေးကြဖွယ် ရှိပါတယ်။

အမေရိကန် အစိုးရက အာရှကို စီးပွားရေး အရရော၊ မဟာဗျူဟာ အရပါ အမေရိကန်ရဲ့ အနာဂတ် အတွက် အင်မတန်မှ အရေးပါတဲ့ ဒေသ အဖြစ် မြင်တယ်လို့ ဘီဘီစီ သတင်း ထောက်က သတင်း ပေးပို့ပါတယ်။

အာရှ ပစိဖိတ် ဒေသက နိုင်ငံ အတော်များများနဲ့ လွတ်လပ်တဲ့ ကုန်သွယ်မှုဇုံ ထူထောင်နိုင်ဖို့ အမေရိကန် သမ္မတက မျှော်လင့်နေပါတယ်။

မနှစ်က အေပက် ညီလာခံကို ဂျပန်က လက်ခံ ကျင်းပ ပေးခဲ့တာ ဖြစ်ပါတယ်။