အေပက်ဟာ အင်ဂျင်တခုလို့ အိုဘားမားပြော

  • 13 နိုဝင်ဘာ 2011
apec
Image caption အိုဘားမား နဲ့ ဟူကျင်းတောင်

အမေရိကန် သမ္မတ အိုဘားမားက အာရှ နဲ့ ပိစိဖိတ် ဒေသ ဟာ ဖွံ့ဖြိုး တိုးတက် မှုတွေ ကို မောင်းနှင်မဲ့ အင်ဂျင်ကြီး တခု ဖြစ်တယ် လို့ ဆိုလိုက် ပါတယ်။

ဆက်လက်ပြီး ပိစိဖိတ် ဒေသတွင်း စီးပွား ပူးတွဲ ဆောင်ရွက်ရေး နဲ့ ပတ်သက်လို့ လိုအပ်မဲ့ အချက် အလက်တွေ အတွက်လဲ သဘောတူညီ မှုတွေ ရပြီး ဖြစ်တယ် လို့လဲ ပြောပါတယ်။ ဒါကတော့ ဟာဝိုင်ယီ ကျွန်းမှာ ကျင်းပတဲ့ အာရှနဲ့ ပိစိဖိတ် ဒေသဆိုင်ရာ ထိတ်သီး အစည်းအဝေး မှာ အခုလို ပြောကြား သွားတာ ဖြစ်ပါတယ်။

ဒီ ထိတ်သီး အစည်း အဝေးမှာ တရုတ် သမ္မတ ဟူကျင်းတောင်လဲ ရောက်ရှိ နေပါတယ်။ တရုတ် နိုင်ငံဟာ ပိစိဖိတ် ဒေသတွင်း စီးပွား ပူးတွဲရေး အစီအစဉ် တွေထဲမှာ မပါဝင် ပေမယ့် သူက ဒေသအတွင်း မှာ စီးပွားရေး ဖွံ့ဖြိုး တိုးတက် နိုင်ဖို့ အတွက် ကို အထောက်အကူ ပြုနိုင်မဲ့ လွတ်လပ်တဲ့ ကုန်သွယ်ရေး ဒေသ တည်ထောင်ရေး တွေကို ထောက်ခံ တဲ့သူ ဖြစ်ပါတယ်။ နောက်ပြီး တရုတ် နိုင်ငံ ဟာ အသစ် တည်ထွင် ဖန်တီး မှုနဲ့ နိုင်ငံ ရပ်ခြား ရင်းနှီး မြှပ်နှံမှုတွေ ကို လဲ အားပေး သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။