ဒီကေဘီအေ ရဲ့ အပစ်ရပ် သဘောထား

  • 13 နိုဝင်ဘာ 2011
dkba ဓာတ်ပုံ မူပိုင် afp
Image caption ဒီကေဘီအေ တပ်ဖွဲ့ဝင်များ

မြန်မာ အစိုးရနဲ့ နိုဝင်ဘာလ ၃ ရက်နေ့က ဘားအံမှာ အပစ်အခတ် ရပ်ဆဲရေး လက် မှတ်ထိုး ခဲ့တဲ့ ဒီကေဘီအေ ကလို့ ထူးဘော အဖွဲ့ ဟာ ပြီးခဲ့တဲ့ ကြာသပတေး နေ့က သတင်းစာ ရှင်းလင်းပွဲ လုပ်ဖို့ ရှိပေမယ့် လမ်းပန်း ဆက်သွယ်ရေး အခက်အခဲ တွေကြောင့် ရက်ရွှေ့ဆိုင်း ခဲ့ရပါတယ်။

ဒါပေမယ့် ဒီကေဘီအေ ရဲ့ ပြည်ပ ဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူး စောလုံလုံကို ဘီဘီစီက ဆက်သွယ်မေးမြန်း ခဲ့ရာမှာ တော့ ဗိုလ်မှူး စောလုံလုံက သတင်းစာ ရှင်းလင်းပွဲမှာ အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးခဲ့တာကို ဒေသခံ လူထုနဲ့ သတင်း သမား တွေကို တင်ပြ ဖို့ ဖြစ်ကြောင်း ပြောပါတယ်။

ယာယီ အပစ်ရပ်စဲ ရေးမှသည် ထာဝရ ငြိမ်းချမ်းရေး ဆိုတဲ့ မူကို အဓိက ထားတဲ့ အကြောင်း၊ အစိုးရသစ် က မြန်မာပြည် မှာ ထာဝရ ငြိမ်းချမ်းရေး ရအောင် လုပ်ဆောင် သွားမယ်လို့ ဆိုတဲ့ အတွက် ယာယီ အပစ်ရပ် လက်မှတ် ထိုးခဲ့တာ ဖြစ်ပြီး မှန်ကန်သော ငြိမ်းချမ်းရေးကို သွားနိုင်မယ်လို့ ထင်ကြောင်း ပြောပါတယ်။

လောလောဆယ်မှာ ကလို့ထူးဘော ဌာနချုပ်ကို နေရာ ချထားပေးဖို့ သဘောတူညီ ထားတယ်လို့ လဲဆိုပါတယ်။ တခြားတပ်ဖွဲ့ စည်းရေး ဆိုင်ရာတွေကို တော့ နောက်ပိုင်းမှာ ဆွေးနွေးကြ မှာ ဖြစ်ပြီး၊ အဲဒီ နှစ်ချက် ကို ဆောင်ရွက် ပြီးရင် တော့ နေပြည်တော် အထိ သွားဖို့ ရှိတဲ့ အကြောင်းတွေကို ပြောပြသွား ပါတယ်။

အခုလို ယာယီ အပစ်အခတ် ရပ်စဲ ရေး ကို ဆောင်ရွက် ပြီးနောက်မှာ အစိုးရနဲ့ ဒီကေဘီအေ ပူးပေါင်းလို့ ဒေသတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ကို ဆောင်ရွက် သွားမယ် လို့လဲ ဗိုလ်မှူး စောလုံလုံ က ပြောပြခဲ့ ပါတယ်။