မက္ကဆီကို ၀န်ကြီး ရဟတ်ယဉ် ပျက်ကျ သေဆုံး

drug
Image caption မက္ကဆီကိုမှာ မူးယစ်ဂိုဏ်းတွေ ပြဿနာ ကြီးကြီး မားမားရှိ

မက္ကဆီကို နိုင်ငံက ပြည်ထဲရေး ဝန်ကြီး ဖရန်စစ်စကို ဘလိတ်မိုရာ ရဟတ်ယဉ် ပျက်ကျမှုမှာ သေဆုံး သွားပါတယ်။

သူဟာ မက္ကဆီကို စီးတီးကနေ ကူယာနာ ဗာချာမြို့ကို အသွား လမ်းမှာ ရဟတ်ယဉ် ပျက်ကျပြီး သူနဲ့ အတူ ရဟတ် ယဉ်ပေါ် ပါသူ အားလုံး သေဆုံး ခဲ့ပါတယ်။

ရဟတ်ယဉ် ပျက်ကြရခြင်း အကြောင်းရင်း တွေကို မသိရသေးပါဘူး။

သေဆုံးသူ ပြည်ထဲရေး ဝန်ကြီးဟာ သမ္မတ ဖိလစ်ပေ ကာလဒရွန်နဲ့ နီးစပ်တဲ့ သူ့ရဲ့ မဟာမိတ် ဖြစ်ပြီး မက္ကဆီကိုက မူးယစ်ဂိုဏ်းတွေကို တိုက်ဖျက်ရာမှာ ထိပ်တန်းက ပါဝင် ခဲ့ပါတယ်။

လွန်ခဲ့တဲ့ သုံးနှစ်ကလည်း သူ့အရင် ပြည်ထဲရေး ဝန်ကြီးဟာ ခုလိုပဲ လေယဉ် ပျက်ကျမှုမှာ သေဆုံးခဲ့ပါတယ်။