တူရကီသင်္ဘောကို ပြန်ပေးဆွဲသူ သေဆုံး

  • 12 နိုဝင်ဘာ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption ကွန်မန်ဒိုတပ်ဖွဲ့တွေက သင်္ဘောကို ဝင်စီးပြီး ပြန်ပေး သမားကို ပစ်သတ်လိုက်တာဖြစ်

တူရကီနိုင်ငံ အီစတာဘူး ကမ်းလွန်ပိုင်းမှာ ခရီးသည်တင် ကူးတို့သင်္ဘောကို ပြန်ပေးစွဲ ပြီးနောက် ပစ်သတ်ခံလိုက်ရတဲ့ ပြန်ပေး သမားဟာ ဗုံးတလုံး ကိုင်ဆောင်ထားတာ ဖြစ်တယ်လို့ တူရကီ ပြည်ထဲရေးဝန်ကြီးက ပြောကြား လိုက်ပါတယ်။

ပြန်ပေးသမားဟာ တားမြစ်ထားတဲ့ ကာ့ဒ် အလုပ်သမားပါတီ PKK ရဲ့ အဖွဲ့ဝင်တဦး ဖြစ်ပြီး၊ သူကိုယ်မှာ ၄၅၀ ဂရမ် အလေးချိန် ရှိတဲ့ ပလတ်စတစ် ဗုံး ချည်ထားတာ ဖြစ်တယ်လို့ ဝန်ကြီးက ပြောပါတယ်။

သင်္ဘော ပေါ်ပါ ခရီးသည် ၂၄ ဦးနဲ့ သင်္ဘော ဝန်ထမ်းတွေကို ကယ်ဆယ်ဖို့အတွက် ကွန်မန်ဒိုတပ်ဖွဲ့တွေက စနေနနေ့ မနက်အရုဏ်တက်အချိန် သင်္ဘောကို ဝင်စီးတဲ့အခါ ပြန်ပေးသမားကို ပစ်သတ် လိုက်တာ ဖြစ်ပါတယ်။

ပြန်ပေးသမားကို လက်နက်ချ အညံ့ခံဖို့ ဖျောင်းဖျ ပေမယ့်လည်း မအောင်မြင်ခဲ့ဘူးလို့ ဆိုပါတယ်။