အီတလီမှာ အစိုးရသစ်ဖွဲ့ရေး စတင်ဆွေးနွေးပြီ

  • 13 နိုဝင်ဘာ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption တနင်္လာနေ့ ဘဏ္ဍာရေးစျေးကွက် ပြန်မဖွင့်ခင် အစိုးရသစ် ဖွဲ့စည်းမယ်လို့ မျှော်လင့်ရ

အီတလီ ဝန်ကြီးချုပ် ဆဲလ်ဗီယို ဘာလူစကိုနီ ရာထူးက နှုတ်ထွက်သွားခဲ့ ပြီးနောက် အစိုးရသစ် ဖွဲ့စည်ရေးအတွက် သမ္မတ ဂျော့ဂျီယို နပိုလီတာနို ဟာ ဆွေးနွေး တိုင်ပင်မှုတွေ စတင်နေပြီ ဖြစ်ပါတယ်။

လူအများလေးစားတဲ့ စီးပွားရေးပညာရှင် မာရီယို မွန်တီဟာ အစိုးရခေါင်းဆောင်အနေနဲ့ ဘာလူစကိုနီ နေရာကို ဆက်ခံမယ့် အခြေအနေ မျိုး ရှိနေပါတယ်။

မစ္စတာမွန်တီ အနေနဲ့ အဓိက လုပ်ဆောင်ရမယ့် တာဝန်ကတော့ အီတလီရဲ့ ကြီးမားတဲ့ ကြွေးမြီ အကျပ်အတည်းကို ဖြေရှင်းရေးအတွက် တင်းကျပ်တဲ့ ခြိုးခြံချွေတာရေး အစီအစဉ် ကို အကောင်အထည်ဖေါ်ဖို့ ဖြစ်ပါတယ်။

တနင်္လာနေ့ ဘဏ္ဍာရေး စျေးကွက် ပြန်မဖွင့်ခင်မှာ အစိုးရသစ်ကို ဖွဲ့စည်းလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

မစ္စတာ ဘာလူစကိုနီကတော့ ပြီးခဲ့တဲ့အပတ်က ပါလီမန်မှာ မဲအများစု မရဘဲ ရှုံးနိမ့်ခဲ့ပြီး နောက် ရာထူးက နှုတ်ထွက်ခဲ့ရတာ ဖြစ်ပါတယ်။