ကေအန်ပီပီ ကရင်နီပါတီ ရဲ့ ငြိမ်းချမ်းရေးသဘောထား

  • 14 နိုဝင်ဘာ 2011

ထိုင်းမြန်မာနယ်စပ်ကို အခြေစိုက်ပြီး လက်နက်ကိုင်တိုက်ခိုက်နေတဲ့ ကရင်နီတိုးတက်ရေးပါတီ KNPP နဲ့ ငြိမ်းချမ်းရေးဆွေနွေးဖို့ မြန်မာအစိုးရဘက်က တာဝန်ရှိသူတွေ မကြာခင်လာရောက်မယ်ဆိုတဲ့ သတင်းတွေကြောင့် KNPP အတွင်းရေးမှူး ဦးခူးဦးရယ်ကို ဆက်သွယ်မေးကြည့်ရာမှာ မြန်မာအစိုးရဘက်က ပြည်နယ်အဆင့်ရော တိုက်ရိုက်ရော ဆက်သွယ်လာတာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။

ဒါပေမဲ့ သူတို့အနေနဲ့ သမ္မတဦးသိန်းစိန်ရဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ကြေညာချက်ကို ကြိုဆိုထောက်ခံထားတာမို့ ဆက်သွယ်လာရင် လက်ခံမှာဖြစ်တယ်လို့ ပြောပါတယ်။

တကယ်လို့ ဆက်သွယ်လာရင် ဘယ်လိုလုပ်ကိုင်ဆောင်ရွက်မယ်ဆိုတာမျိုး စီမံပြင်ဆင်ထားတာမျိုးရှိပေမဲ့ အဖွဲ့ဖွဲ့ထားတာမျိုးတော့ မရှိဘူးလို့ KNPP အတွင်းရေးမှူး ဦးခူးဦးရယ်က ပြောပါတယ်။