အာရပ်အဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်အပေါ် ဆီးရီးယား ရှုတ်ချ

  • 14 နိုဝင်ဘာ 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption အဖွဲ့ဝင်အဖြစ်က ရပ်ဆိုင်းတာဟာ အင်မတန်မှ အန္တရာယ်ရှိတယ်လို့ မစ္စတာမိုလန်က ပြော

ဆီးရီးယားနိုင်ငံမှာ အစိုးရ ဆန့်ကျင်ဆန္ဒပြ မှုတွေကို အကြမ်းဖက် နှိပ်ကွပ်မှုတွေကြောင့် အာရပ်နိုင်ငံများအဖွဲ့ချုပ်က ဆီးရီးယားကို အဖွဲ့ဝင်အဖြစ်က ရပ်ဆိုင်းထားလိုက်တဲ့ အပေါ် ရှုတ်ချကြောင်း ဆီးရီယား နိုင်ငံခြားရေး ဝန်ကြီး ဝါလိ အဲလ်မိုလန်က တုံ့ပြန် ပြောကြားလိုက် ပါတယ်။

အခုလို အဖွဲ့ဝင် အဖြစ် ရပ်ဆိုင်းတဲ့လုပ်ရပ်ဟာ မလုပ်သင့်တဲ့ ကိစ္စရပ်ဖြစ်ပြီး ဒါဟာ အင်မတန်မှ အန္တရာယ် ကြီးမားတယ်လို့ မစ္စတာ မိုလန်က ပြောကြားပါတယ်။

ဒီအတွက် ဆီးရီးယားအနေနဲ့ ပြောင်းလဲလာမှာ မဟုတ်သလို၊ ဆီးရီးယားကို ဆန့်ကျင်တဲ့ အကြံအစည်အားလုံးဟာလည်း ကျရှုံးလိမ့်မယ်လို့ သူကပြောပါတယ်။

ဒါပေမယ့်လည်း နိုင်ငံခြား သံရုံးတွေကို တိုက်ခိုက်ခဲ့မှုတွေ အတွက်တော့ မစ္စတာ မိုလန်က တောင်းပန်လိုက်ပါတယ်။

ဒေါသဖြစ်နေကြတဲ့ အစိုးရကို ထောက်ခံသူ ဆန္ဒပြ လူအုပ်ကြီးဟာ ဆော်ဒီ၊ ကာတာ၊ တူရကီ နဲ့ ပြင်သစ် သံရုံးတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။