အရင်းရှင်စံနစ် တိုက်ဖျက်ရေး ဆန္ဒပြစခန်း အမေရိကန် ပိတ်ပစ်

  • 15 နိုဝင်ဘာ 2011
ဓာတ်ပုံ မူပိုင် AP
Image caption Oakland မြို့တော်ဝန် Jean Quan

အမေရိကန် ပြည်ထောင်စု တလွှားမှာ ပြန့်နှံ့ ဖြစ်ပွားနေတဲ့ အရင်းရှင် စံနစ် ဆန့်ကျင်ရေး ဆန္ဒပြစခန်းတွေ တခုဖြစ်တဲ့ ကယ်လီဖိုးနီးယား ပြည်နယ်က စခန်းကို အာဏာပိုင်တွေက ပိတ်ပစ် လိုက်ပါတယ်။

အာရုံတက် အချိန်လောက်မှာ San Francisco တလွှား Oakland က အဲဒီ ဆန္ဒပြ စခန်းကို အဓိကရုန်း ရဲတွေက ရှင်းပစ်ခဲ့ပြီး လူသုံးဆယ်ကို ဖမ်းဆီး လိုက်ပါတယ်။

ဒီစခန်းမှာ ရာဇဝတ်မှု ဆိုင်ရာ အကြမ်းဖက်မှုတွေ ထပ်တလဲလဲ ဖြစ်ပွားခဲ့တယ်လို့ အုတ်ကလန် မြို့တော်ဝန် က ပြောပါတယ်။

အောက်တိုဘာလ တုန်းကလည်း အခုလို ဆန္ဒပြစခန်းကို ပိတ်ဖို့ ကြိုးစားခဲ့တာကြောင့် အဓိကရုန်းတွေ ဖြစ်ခဲ့ပြီး ဆန္ဒပြသမား တယောက်ဖြစ်တဲ့ ရေတပ် စစ်သားဟောင်း အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။