ဆီးရီးယား ထောက်လှမ်းရေးဌာန တိုက်ခိုက်ခံရ

  • 16 နိုဝင်ဘာ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption အာရပ်အဖွဲ့ချုပ် ခေါင်းဆောင်တွေဟာ ဆီးရီးယား အတွက် မော်ရိုကိုမှာ အစည်းအဝေးပြုလုပ်

ဆီရီးယားစစ်တပ်ကနေ အတိုက်အခံတွေ ဘက်ကို ဘက်ပြောင်း လာကြသူတွေဟာ ဒမားစကက်စ်မြို့ ဆင်ခြေဖုံးအပိုင်းက အဓိကကျတဲ့ စစ်ထောက်လှမ်းရေး စခန်း ဝင်း ကို တိုက်ခိုက်ခဲ့တယ်လို့ အတိုက်အခံ တက်ကြွလှုပ်ရှားသူ တွေက ပြောပါတယ်။

ဘက်ပြောင်းလာသူတွေက သူတို့ကိုယ် သူတို့ Free Syrian Army လို့ အမည်ပေးထားပြီး၊ ဟာရတ်စ်တာ ရပ်ကွက်က အဲဒီ ထောက်လှမ်း ရေး ဝင်း ကို စက်သေနတ်တွေ၊ ရော့ကက်တွေ နဲ့ ပစ်ခတ် ခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

ဘက်ပြောင်းလာသူတွေက အစိုးရကို ပြန်လည် တိုက်ခိုက်မှုတွေ လုပ်နေရာ အခုအချိန် အထိတော့ ဒီတိုက်ခိုက်မှုဟာ အကြီးမားဆုံးသော တိုက်ခိုက်မှု ဖြစ်ပါတယ်။

အဲဒီ ထောက်လှမ်းရေး ဌာန ကနေ ဆန္ဒပြမှုတွေကို အကြမ်းဖက် နှိပ်ကွပ်မှုတွေ အဓိက ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

ဆီးရီးယားကို အာရပ်နိုင်ငံများ အဖွဲ့ချုပ်ဝင် အဖြစ်က ရပ်ဆိုင်းထား လိုက်ပြီးနောက် ဆီးရီယားက အကြမ်းဖက်မှုတွေ ရပ်သွားအောင် ဆောင်ရွက်မှု အသစ်တွေ ထပ်လုပ်ဖို့ အတွက် အာရပ် အဖွဲ့ချုပ် နိုင်ငံခြားရေး ဝန်ကြီးတွေဟာ မော်ရိုကိုမှာ အစည်းအဝေး ထိုင်နေကြပါတယ်။