အီတလီ အစိုးရ သစ် အကြပ်အတည်း

  • 17 နိုဝင်ဘာ 2011
Italy ဓာတ်ပုံ မူပိုင် BBC World Service
Image caption အီတလီ ဝန်ကြီးချုပ်သစ် မွန်တီ

အီတလီ ဝန်ကြီးချုပ်သစ် မာရီရို မွန်တီ က နိုင်ငံရဲ့ ကြွေးမြီ အကြပ်အတည်း ပြဿနာတွေကို ဖြေရှင်း နိုင်ရေး ကြိုးစား တဲ့ အနေနဲ့ ခြိုးခြံချွေတာရေး အစီအစဉ် တွေ ကို ရောမမြို့ က လွှတ်တော် အတွင်း တင်ပြဖို့ ကြိုးစား နေစဉ်မှာပဲ ဒီအစီအစဉ် ကို ဆန့်ကျင် ဆန္ဒပြဖို့ အတွက် ထောင်နဲ့ ချီတဲ့ ကျောင်းသား တွေဟာ လွှတ်တော် ရှိရာ နေရာ ဆီကို ချီတက် နေကြပါတယ်။

အစိုးရ က ပြည်သူ့အတွက် အသုံးစားရိတ်တွေ လျှော့ချတာ၊ အလုပ်လက်မဲ့တွေ ပိုများ လာ တာ စတာတွေကို ဆန့်ကျင် ကြတဲ့ အခု ကျောင်းသား ဆန္ဒပြပွဲ ဟာ နိုင်ငံတဝန်း သယ်ယူ ပို့ဆောင်ရေး သပိတ်မှောက်ပွဲ ကြီးနဲ့လည်း အတူ ဖြစ်ပေါ်နေတာပါ။

ဝန်ကြီးချုပ်သစ် မစ္စတာ မွန်တီ ကတော့ သူ့အစိုးရသစ် အပေါ် အယုံအကြည် ရှိကြဖို့ လွှတ်တော် အတွင်း မှာ စည်းရုံးနေပါတယ်။

အီတလီ ရဲ့ ပြုပြင်ပြောင်းလဲရေး အတွက် ရည်ရွယ်ပြီး ဝန်ကြီးချုပ် မွန်တီ က အစိုးရ ကို ပညာရှင်တွေ၊ စီးပွားရေး လုပ်ငန်းရှင် တွေနဲ့ ဗုဒ္ဓဟူး နေ့က ဖွဲ့စည်း ခဲ့ပါတယ်။

အီတလီရဲ့ ကြွေးမြီ အကြပ်အတည်း ပြဿနာကြောင့် အရင် ဝန်ကြီးချုပ် ဆယ်ဗီရို ဘာလူ စကိုနီ ဟာ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း က ရာထူး က နေ နှုတ်ထွက် သွားရ ပါတယ်။