နယူးယောက်နဲ့ ဥရောပက ဆန္ဒပြမှုများ

  • 18 နိုဝင်ဘာ 2011
New York ဓာတ်ပုံ မူပိုင် AFP
Image caption နယူးယောက်က ဝေါစထရိ သိမ်းပိုက်ရေး ဆန္ဒ ပြသူများ

နယူးယောက် မြို့မှာတော့ အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေနဲ ဆန္ဒပြသူတွေ ခိုက်ရန် ဖြစ်ပွားပြီး ရဲက ဆန္ဒပြသူ ငါးဆယ်ကျော် ကို ဖမ်းဆီးလိုက်ပါတယ်။

လွန်ခဲ့တဲ့ နှစ်လက စတင်တဲ့ ဝေါစထရိသိမ်း ပိုက်ရေး အဖွဲ့ရဲ့ စီးပွားရေး တန်းတူ ညီမျှရေး တောင်းဆို ဆန္ဒပြမှု နှစ်လ ပြည့်တဲ့ အထိမ်း အမှတ်လုပ်ဖို့ ဆန္ဒ ပြသူတွေက နယူးယောက် အစုရှယ်ယာစျေးနားမှာ လာရောက် စုဝေး ရာကနေ ပြဿနာ စဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ရက်လောက်ကလည်း အနီးအနား ပန်းခြံထဲက ဆန္ဒပြသူတွေရဲ့ စခန်းကို ရဲက ဝင်းစီးပြီး ဆန္ဒပြသူတွေကို မောင်းထုတ်ခဲ့ပါတယ်။

ဥရောပမှာတော့ အီတလီ ဝန်ကြီးချုပ်သစ် အစီအစဉ်တွေကို အထက် လွှတ်တော်က ထောက်ခံ မဲခွဲချိန်မှာ အီတလီ နိုင်ငံ တဝှမ်းက လမ်းတွေမှာ လူပေါင်း သောင်းချီ အစိုးရကို ချီတက် ဆန္ဒ ပြခဲ့ပါတယ်။

ရောမမှာ ဆန္ဒပြ လူအုပ်ကြီးက မာရီယို မွန်တီကို လမ်းပေါ်က သာမန် လူတွေထက် ကြေး ရတတ်တွေကို ကျပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

အေသင်မှာလည်း လူသုံးသောင်းလောက်ဟာ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ပြီး ရဲက ဆန္ဒပြသူ တွေကို မျက်ရည်ယို ဗုံးတွေ၊ မီးလောင်ဗုံးတွေသုံး လူစု ခွဲခဲ့ပါတယ်။

စပိန် နိုင်ငံ မဒရစ်နဲ့ ဘာစီလိုနာ မြို့တွေမှာ ထောင်နဲ့ သောင်းနဲ့ ချီတဲ့ ဆန္ဒပြသူတွေက ပညာရေး ကဏ္ဍမှာ ဖြတ်တောက်မှုတွေကို ချီတက် ဆန္ဒပြခဲ့ပြီး ချက် သမ္မတ နိုင်ငံမှာလည်း လူနှစထောင်လောက်က အစိုးရရဲ့ ဘတ်ဂျက် ဖြတ်တောက်ရေးနဲ့ အဂတိ လိုက်စားမှုတွေကို ချီတက် ဆန္ဒ ပြခဲ့ပါတယ်။