ဖိလစ်ပိုင် သမ္မတဟောင်း အာရွိုင်ယို ဖမ်းဆီးခံရ

  • 18 နိုဝင်ဘာ 2011

ဖိလစ်ပိုင် သမ္မတဟောင်း ဂလော်ရီယာ အာရွိုင်ယိုကို ရွေးကောက်ပွဲ မသမာမှု စွဲချက် တွေနဲ့ ဆေးရုံမှာ ဖမ်းဆီးလိုက် ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption သူ့ကို ဖမ်းဆီးမှုဟာ နိုင်ငံရေး အရ အကွက်ချ လုပ်ဆောင် တာလို့ အာရွိုင်ယို ပြော

ဒီသီတင်းပတ် စောစောပိုင်း ကတော့ ပြည်ပမှာ ဆေးကုသမှု ခံယူဖို့ လိုအပ်တယ်လို့ ပြောဆိုပြီး ဘီးတပ် ကုလားထိုင်နဲ့ လေဆိပ်ကို သွားခဲ့ ပြီးတဲ့ နောက်မှာ နိုင်ငံတွင်း ကနေ ထွက်ခွာဖို့ သူတားမြစ် ခံခဲ့ရ ပါတယ်။

နောက်ပိုင်းမှာ တော့ ၂၀၀၇ ခုနှစ်က အထက် လွှတ်တော် ရွေးကောက်ပွဲ အတွင်း မဲမသမာမှု ပြုလုပ်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက် တွေနဲ့ တရားရုံးက ဖမ်းဆီးမိန့် ထုတ်ပြန်ခဲ့ ပါတယ်။

တရားရေး ဝန်ကြီးကတော့ သူ့ကို ဆေးရုံ အခန်းထဲကနေ ဘယ်မှ ထွက်ခွင့် မပေးဘဲ ကန့်သတ် ထားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

မစ္စစ် အာရွိင်ယို ကတော့ သူ့ အနေနဲ့ အမှားအယွင်း တစုံတရာ လုပ်ဆောင်ခဲ့ခြင်း မရှိဘူးလို့ ပြောဆိုပြီး အစိုးရက သူ့ကို နိုင်ငံရေး အရ နှိပ်ကွပ်မှု ဖြစ်တယ်လို့ စွပ်စွဲ ပြောဆို ပါတယ်။