အီဂျစ်မှာ ဆန္ဒပြသူတွေနဲ့ ရဲ ရင်ဆိုင်ကြ

  • 19 နိုဝင်ဘာ 2011
egypt
Image caption တဟီရာ ရင်ပြင်က ဆန္ဒ ပြပွဲတခု

အီဂျစ် နိုင်ငံက ကိုင်ရို မြို့တော် မှာတော့ လက်ရှိ အုပ်ချုပ် နေတဲ့ စစ်ကောင်စီကို အရပ်သား အစိုးရ အဖွဲ့ လက်ထဲကို အချုပ် အခြာ အာဏာ ပြန်လွှဲ ပေးဖို့ အတွက် တောင်းဆို ဆန္ဒ ပြကြသူ တွေနဲ့ လုံခြုံရေး ရဲတွေ အကြားမှာ ရင်ဆိုင် မှုတွေ ဖြစ်ခဲ့ကြ ပါတယ်။

ဆန္ဒပြ ကြသူ ရာပေါင်း များစွာက တဟီရာ ရင်ပြင်က သူတို့ ရဲ့ စခန်းချရာ တဲတွေကို ညပိုင်းမှာ ဖယ်ရှား ခံလိုက်ရ ပြီးနောက်မှာ သံချပ်ကာ ကား တွေကို ခဲတွေနဲ့ ပစ်ပေါက် တိုက်ခိုက် ခဲ့ကြ ပါတယ်။

ရဲတွေ ဘက်ကလဲ ရာဘာကျည် နဲ့ မျက်ရည်ယို ဗုံးတွေ သုံးပြီး တုန့်ပြန် ခဲ့ကြ ပါတယ်။ အီဂျစ် နိုင်ငံပိုင် ရုပ်မြင် ကတော့ ဒီ တိုက်ခိုက် မှုတွေ ကြောင့် လူပေါင်း ၈၁ ဦး ထိခိုက် ဒဏ်ရာ ရရှိ သွားခဲ့ ကြောင်းပြော ပါတယ်။