ခြိုးခြံချွေတာရေး အစီအစဉ်ကို ပါလီမန်က အတည်ပြု

  • 19 နိုဝင်ဘာ 2011
ဓာတ်ပုံ မူပိုင် bbc
Image caption ဝန်ကြီးချုပ်သစ် မာရီယို မွန်တီ

အီတလီ ဝန်ကြီးချုပ် မာရီယို မွန်တီဟာ တိုင်းပြည်ရဲ့ ဘဏ္ဍာရေး အကြပ်အတည်း ဖြေရှင်းဖို့ အတွက် သူ့ရဲ့ ခြိုးခြံချွေတာရေး အစီအစဉ်ကို ပါလီမန်ရဲ့ အပြည့်အဝ ထောက်ခံမှု ရခဲ့ပါတယ်။

တက်သိ ပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ သူ့အစိုးရကို အထက်နဲ့ အောက်လွှတ်တော် နှစ်ရပ်လုံးက ယုံကြည်ကြောင်း ထောက်ခံမဲ အကြီးအကျယ် ပေးခဲ့ ကြပါတယ်။

လူထု အနေနဲ့ အနစ်နာခံ ပေးဆပ်ရမှုတွေ ရှိလာရလိမ့်မယ်လို့ သူက သတိပေး ခဲ့ပေမယ့် ၂ဝ၁၃ ရွေးကောက်ပွဲ မတိုင်ခင် အထိ လွှတ်တော် အမတ်က သူ့ဖက်က ရပ်တည် ထောက်ခံ ပေးဖို့ကိုလည်း ပန်ကြားလိုက်ပါတယ်။

ဝန်ကြီးချုပ်ဟောင်း ဆီဗီယို ဘာလစ်ကိုနီက လက်ရှိ အစိုးရအဖွဲ့ကို အချိန်မရွေး ဖယ်ရှားပစ်နိုင်တယ် ဆိုတဲ့ အရင်က သူ့ပြောဆိုချက်ကို ပယ်ချလိုက်ပြီး မစ္စတာ မွန်တီ အစိုးရ သက်တမ်း ကုန်တဲ့အထိ အုပ်ချုပ်သွားဖို့ သူ့အနေနဲ့ဆန္ဒရှိပါတယ်လို့ ဆိုပါတယ်။